ချင်းမိုင် ၊ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိသည် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးDon Pramudwinai ၏ ဖိတ်ကြားချက်အရ ဖေဖော်ဝါရီ ၁၆ ရက်တွင် ချင်းမိုင်သို့ သွားရောက်၍ မဟာဗျူဟာမြောက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည်လက ဆည်ပြိုကျမှုအပေါ် နောက်ယောင်ခံ စုံစမ်းထောက်လှမ်းမှု ပြုလုပ်ခဲ့ရာ ဆည်ပြိုကျမှုတွင် တာဝန်ရှိကြောင်း စွပ်စွဲခံထားရသည့် Vale သတ္တုတွင်း ကုမ္ပဏီကြီး၏ ဝန်ထမ်း ၈ ဦးအား အာဏာပိုင်များက ဖေဖော်ဝါရီလ ၁၅ ရက်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
မော်စကို၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ ၅ ထပ်အဆောက်အဦတစ်ခု ဖေဖော်ဝါရီ ၁၆ ရက်က တိုက်ခေါင်မိုးနှင့်ကြမ်းခင်းအစိတ်အပိုင်းအချို့ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပေကျင်း၊ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း Qianliyan ကျွန်းသည် အရှေ့ပိုင်းကမ်းရိုးတန်းဒေသ မြစ်ဝါမြစ်၏ အလယ်တွင် တည်ရှိပြီး အဆိုပါ ကျွန်းတွင် ရေကြောင်းစောင့်ကြည့်လေ့လာရေး အဆောက်အဦ တစ်ခုကို တည်ဆောက် ထားရှိသည်။ အဆိုပါ အဆောက်အဦတွင် တာဝန်ကျသည့်ဝန်ထမ်းများမှာ နားရက် မရှိဘဲ ဆက်တိုက် စောင့်ကြည့်လေ့လာ...
ပေကျင်း၊ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) နှင်းကျားသစ် ကွန်မန်ဒိုတပ်ဖွဲ့ အား အကြမ်းဖက်တိုက်ဖျက်ရေးကို အဓိကထားဆောင်ရွက်ရန် ရည်ရွယ်ကာ ၂ဝဝ၂ ခုနှစ် တွင် စတင်ဖွဲ့စည်းခဲ့သည်။နှင်းကျားသစ် ကွန်မန်ဒိုတပ်ဖွဲ့ဝင် Liu Yang က အထူးတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ဖို့ အရမ်းကို ကြိုးပမ်းအားထုတ်ရပါတယ်။ လူတစ်ချို့က ကျွန်တော်တို့အကြောင်းကို ရုပ်ရှင်တွေကတစ်ဆင့်သိကြရပြီး ပိတ်ကားတွေရဲ့နောက်မှာ ဘယ်လောက်ကြိုးစားအားထုတ်ရတယ်ဆိုတာတော့...