Connect with us

North America

ကုလသမဂ္ဂအနေဖြင့် အီရန် နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု ပြန်လည်ဆောင်ရွက် စေရန် အမေရိကန် နိုင်ငံ ကြိုးပမ်း

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အား အိမ်ဖြူတော် ၌ မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က အီရန်နိုင်ငံအပေါ် အမြန်ဆုံး ပြန်လည် အရေးယူ ပိတ်ဆို့မှု ပြုလုပ်သွားရန် အမေရိကန်နိုင်ငံအနေဖြင့်တောင်းဆိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သြဂုတ် ၁၉ ရက် တွင် ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့် က အိမ်ဖြူတော် ၌ ဩဂုတ် ၁၉ ရက် ညပိုင်း၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် မိမိ အနေဖြင့် ယင်းတောင်းဆိုချက်ကို ကုလသမဂ္ဂထံ အကြောင်းကြားရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အား ညွှန်ကြားထား ကြောင်း ၊ အမေရိကန် နိုင်ငံသည် အီရန် နျူကလီးယား အရေး ဘက်စုံ သဘောတူညီမှု စာချုပ်ကို  ပထမ ဦးဆုံးပါဝင်ခဲ့သည့် နိုင်ငံဖြစ်ကြောင်း နှင့် အီရန် နိုင်ငံ ၏ နျူးကလီးယား လက်နက် ပိုင်ဆိုင်ရေး ကြိုးပမ်းချက်အား တားဆီးနိုင်ရေးအတွက် ကုလသမဂ္ဂထံ ပိတ်ဆို့ အရေးယူမှု ပြုလုပ်ရန် တောင်းဆိုပိုင်ခွင့်ရှိကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ၏ သြဂုတ် ၁၉ ရက် ထုတ်ပြန်ကြေညာချက် အရ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အနေဖြင့် နယူးယောက်မြို့ ရှိ ကုလသမဂ္ဂ ဌာနချုပ် သို့ သွားရောက်မည် ဖြစ်ပြီး အမေရိကန် နိုင်ငံ အနေဖြင့် ကုလသမဂ္ဂ မှ အီရန် နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု ပြန်လည် စတင်ရန် လုံခြုံရေးကောင်စီတွင် တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ သည် ၂၀၁၈ ခုနှစ် မေလ တွင် အီရန် နျူကလီးယား အရေး ဘက်စုံ သဘောတူညီမှု စာချုပ် မှ တစ်ဖက်သတ်နုတ်ထွက်သွားခဲ့ပြီး အီရန် နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု များ ပိုမိုဆောင်ရွက်ခဲ့သည်။ကုလသမဂ္ဂ ဆိုင်ရာ တရုတ် နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် ကျန်းကျွင်း က အီရန် နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ခဲ့သည့် အမေရိကန် နိုင်ငံ အနေဖြင့် သဘောတူညီချက် တွင် ပါဝင်ပိုင်ခွင့်မရှိတော့ကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် ကုလသမဂ္ဂတွင် အမြန်ဆုံး အရေးယူ ပိတ်ဆို့မှု ပြန်လည်ဆောင်ရွက်ရေးအတွက် တောင်းဆိုပိုင်ခွင့်မရှိကြောင်း သြဂုတ် ၁၄ ရက်တွင်ပြောကြားခဲ့သည်။  ဗြိတိန် ၊ ပြင်သစ် နှင့် ဂျာမဏီ သုံးနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများကလည်း  ဇွန်လ တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီး အမြန်ဆုံး အရေးယူ ပိတ်ဆို့မှု ပြန်လည်ဆောင်ရွက်စေသည့် စနစ် လုပ်ဆောင်ရန် မထောက်ခံကြောင်း နှင့် ယင်းက လုံခြုံရေး ကောင်စီ အတွက် ဆိုးရွားသည့် သက်ရောက်မှု ဖြစ်စေနိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် ဇူလိုင်လ တွင် အီရန် နိုင်ငံ နှင့် အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊ ရုရှား ၊ တရုတ် ၊ ဂျာမဏီ နိုင်ငံ တို့ က အီရန် နျူကလီးယား အရေး ဆိုင်ရာ ဘက်စုံ သဘောတူညီချက် စာချုပ်ကို ချုပ်ဆို ခဲ့ကြသည်။ ယင်းသဘောတူညီချက် အရ အီရန် နိုင်ငံ အနေဖြင့် ၎င်း ၏ နျူကလီးယား အစီအစဉ် များ ကို စွန့်လွှတ်ရန် ကတိ ပြု ခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့်လည်း အီရန် နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုများ  ဖယ်ရှားပေးခဲ့သည်။ ထို့နောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က ဆုံးဖြတ်ချက် အမှတ် ၂၂၃၁ ကို အတည်ပြု ခဲ့ပြီး အီရန် နျူကလီးယား အရေး ဆိုင်ရာ ဘက်စုံ သဘောတူညီချက်  တွင် ကုလသမဂ္ဂ မှ အီရန် နိုင်ငံ အပေါ် လက်နက် တင်ပို့မှု ပိတ်ပင်ခြင်းကို ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၈ ရက် အထိ တိုးမြှင့်ကြောင်း ခွင့်ပြုပေး ခဲ့သည်။ သို့သော် ယင်းဆုံးဖြတ်ချက်တွင် အီရန် နိုင်ငံ အပေါ် အမြန်ဆုံး အရေးယူပိတ်ဆို့မှု ဆောင်ရွက်သည့် စနစ် မပါဝင်ဘဲ အီရန် နိုင်ငံ မှ သဘောတူညီချက်အား ဖောက်ဖျက်ပါက ၂၀၁၅ ခုနှစ် သဘောတူညီချက် ချုပ်ဆိုခြင်း မတိုင်မီ ကုလသမဂ္ဂ က အီရန် နိုင်ငံ အပေါ် ဆောင်ရွက်ခဲ့သည့် အရေးယူ ပိတ်ဆို့မှု အတိုင်း  ပြန်လည် ဆောင်ရွက်မည် ဖြစ်ကြောင်းသာ ပါဝင်သည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက  ယခု လ ၁၃ ရက်တွင် အမေရိကန် နိုင်ငံ မှ ဖော်ဆောင်သည့် အကန့်အသက် မရှိ အီရန် နိုင်ငံ အပေါ် စစ်လက်နက်ပစ္စည်း တင်ပို့မှု ကန့်သတ်ရေး အကြုံပြုချက် နှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်ရာ ၁၄ မဲ တွင် ထောက်ခံမဲ ၂ မဲ ၊  ကန့်ကွက်မဲ ၂ မဲ နှင့် ကြားနေ  ၁၁ မဲ ဖြင့်  အကြုံပြုချက် ကို အတည်မပြုနိုင်ခဲ့ကြောင်း သိရှိရသည်။  (Xinhua)