နေပြည်တော်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) နိုင်ငံ့ဝန်ထမ်း စုစုပေါင်း ၁,၀၇၇,၄၉၃ ဦး အတွက် နိုင်ငံတော်က ငွေကျပ် ၅၅၅ ဘီလီယံခန့်ကို အတိုးမဲ့ ထုတ်ချေးပေးမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယနေ့ ညနေပိုင်းတွင် အတည်ပြု ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၊ စက်တင်ဘာ၂၂ ရက် (ဆင်ဟွာ) (၇၅) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ထိပ်သီးအစည်းဝေးကို ကုလသမဂ္ဂအထွေထွေညီလာခံ၌ စက်တင်ဘာ ၂၁ ရက်တွင် ကျင်းပခဲ့ရာယင်းနှစ်ပတ်လည်နေ့ အခမ်းအနားတွင် ကြေညာချက်တစ်စောင်ကို အတည်ပြုခဲ့ကြောင်းသိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ) ယခုအချိန်၌ လူအများစုဝေးရာနေရာများဖြစ်သည့် ဈေးများမှ တစ်ဆင့် ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် စက်ရုံအလုပ်ရုံများ၌ ကူးစက် ပျံ့နှံ့မှုမဖြစ်ပေါ်စေရေးတို့ကိုအားဖြည့်ဆောင်ရွက်လျက်ရှိကြောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးကယနေ့ စက်တင်ဘာ ၂၂ ရက်တွင် ပြည်သူများသို့ အသိပေးထုတ်ပြန် ပြောကြားခဲ့သည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) လယ်ယာထွက်ကုန်ပစ္စည်းများတင်ပို့မှုသည် ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၁၁ လကျော်အတွင်းအမေရိကန်ဒေါ်လာ ၃ ဒသမ ၆၁ ဘီလီယံကျော် ရရှိခဲ့ကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သောအချက်အလက်များအရသိရသည်။
ကျိုချွမ်၊စက်တင်ဘာ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် သမုဒ္ဒရာစောင့်ကြည့်ရေး ဂြိုဟ်တုအသစ် တစ်စင်းကိုဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ရောက်ရှိရန်နိုင်ငံအနောက် မြောက်ပိုင်းရှိကျိုချွမ်ဂြိုဟ်တု လွှတ်တင်ရေးစင်တာမှ စက်တင်ဘာ၂၁ ရက်က လွှတ်တင်ခဲ့ကြောင်းသိရသည်။