Connect with us

Science & Technology

တရုတ်နိုင်ငံက သမုဒ္ဒရာပတ်ဝန်းကျင်ကို စောင့်ကြည့်ရန်ဂြိုဟ်တု အသစ်လွှတ်တင်

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Haiyang-2C (HY-2C) ဂြိုဟ်တုကိုသယ်ဆောင်သွားသော Long March-4B ဒုံးပျံလွှတ်တင်နေစဉ် (ဆင်ဟွာ)

ကျိုချွမ်၊စက်တင်ဘာ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် သမုဒ္ဒရာစောင့်ကြည့်ရေး ဂြိုဟ်တုအသစ် တစ်စင်းကိုဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ရောက်ရှိရန်နိုင်ငံအနောက် မြောက်ပိုင်းရှိကျိုချွမ်ဂြိုဟ်တု လွှတ်တင်ရေးစင်တာမှ စက်တင်ဘာ၂၁ ရက်က လွှတ်တင်ခဲ့ကြောင်းသိရသည်။

Haiyang-2C (HY-2C) ဂြိုဟ်တုကို သယ်ဆောင်သွားသော Long March-4B ဒုံးပျံကို ပေကျင်းစံတော်ချိန်မွန်းလွဲ၁:၄၀ နာရီက လွှတ်တင်ခဲ့ကြောင်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာကပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ တတိယမြောက် သမုဒ္ဒရာပြောင်းလဲမှုဆိုင်ရာ ဂြိုဟ်တုဖြစ်သော HY-2C သည်ရေလှိုင်းအမြင့်၊ ပင်လယ်မျက်နှာပြင်အမြင့်၊ လေတိုက်နှုန်းနှင့်အပူချိန်များကို ရာသီဥတုအခြေအနေအားလုံးနှင့် အချိန်နှင့်အမျှလေ့လာစောင့်ကြည့်လေ့လာရန် ထောက်ပံ့ပေးနိုင်ကြောင်းသိရသည်။

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Haiyang-2C (HY-2C) ဂြိုဟ်တုကိုသယ်ဆောင်သွားသော Long March-4B ဒုံးပျံလွှတ်တင်နေစဉ် (ဆင်ဟွာ)

အဆိုပါဂြိုဟ်တုအသစ်တွင် တပ်ဆင်ထားသော ကိရိယာများသည် ရေယာဉ်အမျိုးအစားခွဲခြားမှု အချက်အလက်ထောက်ပံ့ရန်၊ တရုတ်နိုင်ငံ၏ ကမ်းလွန်နှင့်အခြားသော ပင်လယ်ရေကြောင်းဧရိယာများရှိ ရေကြောင်းပြဗော်ယာတိုင်းတာမှု အချက်အလက်များလက်ခံရန်၊ ထိန်သိမ်းရန်နှင့်ထုတ်လွှင့်ရန် အထောက်အကူဖြစ်စေမည်ဖြစ်သည်။
တရုတ်နိုင်ငံအာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်းမှ တည်ဆောက်ထားသော HY-2C သည်ယခင် HY-2B နှင့်နောက်ဆက်တွဲ HY-2D တို့နှင့် ကွန်ရက်တစ်ခု တည်ဆောက်သွားမည်ဖြစ်ပြီး လာမည့်နှစ်တွင် လွှတ်တင်ရန်လျာထားကြောင်းသိရသည်။

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Haiyang-2C (HY-2C) ဂြိုဟ်တုကိုသယ်ဆောင်သွားသော Long March-4B ဒုံးပျံလွှတ်တင်နေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Haiyang-2C (HY-2C) ဂြိုဟ်တုကိုသယ်ဆောင်သွားသော Long March-4B ဒုံးပျံလွှတ်တင်နေစဉ် (ဆင်ဟွာ)

စီစဉ်ထားသော ဂြိုဟ်တုကွန်ရက်သည် ခြောက်နာရီအတွင်း ကမ္ဘာ့ပင်လယ်မျက်နှာပြင်လေတိုက်နှုန်း ၈၀ ရာခိုင်နှုန်း စောင့်ကြည့်နိုင်စွမ်းရှိကြောင်း တရုတ်နိုင်ငံအမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန သတင်းရင်းမြစ်များကပြောခဲ့သည်။

ယခင် HY-2A နှင့် HY-2B ဂြိုဟ်တုများနှင့်မတူညီသည်မှာ HY-2C သည်ဂြိုဟ်ပတ်လမ်းကြောင်းတွင် ၆၆ဒီဂရီစောင်းလျက် အနေအထားဖြင့် တည်ရှိနေမည်ဖြစ်ပြီး လေဟာနယ်များတွင် လျင်မြန်စွာ ပြန်လည်နေရာယူနိုင်စွမ်း မြှင့်တင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံအမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန အဆိုအရသိရသည်။

တရုတ်နိုင်ငံသည် “သမုဒ္ဒရာ” ဟူသောစကားလုံးကို တရုတ်စကားလုံးဖြင့် “HY” ဟု အတိုကောက်အမည်ပေးထားခဲ့ပြီး ဩဂုတ်လအထိ Haiyang ဂြိုဟ်တု ၇ စင်းကို ကိုယ်တိုင်တီထွင်ကာ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် ပထမဆုံးသမုဒ္ဒရာ စောင့်ကြည့်ရေးဂြိုဟ်တု HY-1A ကို၂၀၀၂ ခုနှင့် မေ ၁၅ ရက်က လွှတ်တင်ခဲ့ကြောင်းသိရသည်။

၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ပင်လယ်ရေကြောင်း ထုတ်ကုန်တန်ဖိုးသည် GDP ၏ ၉ ရာခိုင်နှုန်းရှိခဲ့သည်။ HY-2 ဂြိုဟ်တုများနောက်ဆက်တွဲ ကွန်ရက်သည် ပင်လယ်ရေကြောင်း သဘာဝဘေး အန္တရာယ်လျော့ပါးရေး၊ မိုးလေဝသ၊ သယ်ယူပို့ဆောင်ရေးနှင့် သိပ္ပံပညာရပ်ဆိုင်ရာ အက်ပလီကေးရှင်များအတွက် အချက်အလက်ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ပင်လယ်ရေကြောင်းစွမ်းဆောင်နိုင်မှုများ စောင့်ကြည့်ခြင်း ၊သင့်လျော်သော၊ ခန့်မှန်းနိုင်သောအကျိုးကျေးဇူးများ ပိုမိုလုပ်ဆောင်ခြင်းများ ထပ်မံမြှင့်တင်ရာတွင်ကူညီပေးသွားမည်ဖြစ်ကြောင်း ဂြိုဟ်တုတည်ဆောက်သူကဆိုသည်။
စက်တင်ဘာ၂၁ ရက် လွှတ်တင်မှုသည် Long March ဒုံးပျံစီးရီး၏ ၃၄၇ ကြိမ်မြောက်လွှတ်တင်ခြင်းဖြစ်သည်။  (Xinhua)