Connect with us

International Organizations

(၇၅) နှစ်မြောက် ကုလသမဂ္ဂ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ကြေညာချက်အား အထွေထွေညီလာခံက အတည်ပြု

နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်အား စက်တင်ဘာ ၁၄ ရက် ကတွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ၂၂ ရက် (ဆင်ဟွာ)

(၇၅) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ထိပ်သီးအစည်းဝေးကို ကုလသမဂ္ဂအထွေထွေညီလာခံ၌ စက်တင်ဘာ ၂၁ ရက်တွင် ကျင်းပခဲ့ရာယင်းနှစ်ပတ်လည်နေ့ အခမ်းအနားတွင် ကြေညာချက်တစ်စောင်ကို အတည်ပြုခဲ့ကြောင်းသိရသည်။

အဆိုပါ ကြေညာချက်တွင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ ကျားမတန်းတူညီမျှရေးစသည့် ကဏ္ဍများအပေါ် ထပ်လောင်းအတည်ပြုခဲ့ကြသည်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ နိုင်ငံခေါင်းဆောင်များနှင့် အစိုးရပိုင်းအကြီးအကဲများက မည်သည့်အခြားကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းကမျှ ကုလသမဂ္ဂအဖွဲ့ကြီး၏ တရားဝင်မှု၊ နှိုးဆော်နိုင်မှုနှင့် စံသတ်မှတ်နိုင်မှုထက်ပို၍ ဩဇာမရှိကြောင်းကြေညာချက်တွင် ဖော်ပြထားသလို နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးခြင်းကိုလည်း ကြေညာချက်တွင် အလေးထားဖော်ပြထားသည်။
ကြေညာချက်တွင် “၂၀၃၀ ခုနှစ် ရေရှည်ဖွံ့ဖြိုးရေးအစီအစဉ်”ကိုဘက်စုံ၊အချိန်မှန် အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကတိပြုခဲ့ကြသလို “ပါရီသဘောတူညီချက်”ကတိကဝတ်များအရဖန်လုံအိမ်ဓါတ်ထုတ်ငွေ့ထုတ်လွှတ်မှုကိုထိန်းချုပ်၍ ရေရှည် စားသုံးမှုနှင့် ထုတ်လုပ်မှုပုံစံကိုအကောင်အထည်ဖော်ဆောင်ရွက်သွားရန် တိုက်တွန်းထားကြောင်းသိရသည်။
လက်ရှိလက်နက်ကိုင် ပဋိပက္ခများနှင့် နိုင်ငံတကာငြိမ်းချမ်းရေး၊လုံခြုံရေးတွင် ရင်ဆိုင်နေရသောအန္တရာယ်များကိုငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရမည် ဖြစ်ကြောင်း ၊ ကုလသမဂ္ဂပဋိညာဉ်စာချုပ်၊ နိုင်ငံတကာစည်းမျဉ်းဥပဒေနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များကို လိုက်နာကြရန်၊ နိုင်ငံတကာစစ်လက်နက်ပစ္စည်းထိန်းချုပ်ရေး၊ မပြန့်ပွားရေးနှင့် စစ်လက်နက် အင်အားလျှော့ချရေး သဘောတူညီချက်နှင့် ၎င်းမူဘောင်၏ အရေးကြီးမှုကို ကာကွယ်ထိန်းသိမ်းကြရန် ကြေညာချက်တွင် အလေးထားဖော်ပြထားသည်။

နိုင်ငံတကာ ဥပဒေလိုက်နာရန် နှင့် တရားမျှတမှုကိုကာကွယ်ထိန်းသိမ်းရန် ကတိကဝတ်ပြုခဲ့ကြသည်။ ကုလသမဂ္ဂပဋိညာဉ်စာချုပ်၏ ရည်ရွယ်ချက်နှင့်အခြေခံစည်းမျဉ်းစည်းကမ်းများနှင့် နိုင်ငံတကာဥပဒေသည် ပို၍ ငြိမ်းချမ်းခြင်း၊ ဖွံ့ဖြိုးခြင်း၊ တရားမျှတမှုရှိခြင်း ဟူသော ကမ္ဘာကြီးကိုတည်ဆောက်ရာတွင် မရှိမဖြစ် အခြေခံအချက်များဖြစ်ကြောင်း ၊ နိုင်ငံတကာ သဘောတူညီချက်နှင့် ကတိကဝတ်များကိုစောင့်ထိန်း၍ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလေးစားမှုကို ဆက်လက်မြှင့်တင်ရန် ၊ ဒီမိုကရေစီနည်းကျ စီမံအုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို အားဖြည့်ဆောင်ရွက်ရန် ကတိပြုခဲ့ကြသည်။
ကဏ္ဍအားလုံးတွင် ကျားမတန်းတူညီမျှရှိရေး၊ အမျိုးသမီးများပါဝင်ရေးနှင့် အမျိုးသမီးနှင့် အမျိုးသမီးငယ်များ၏ အခွင့်အရေးကိုအကောင်အထည်ဖော်နိုင်ရေးအရှိန်မြှင့်တင် ဆောင်ရွက်ကြရန် ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။
နိုင်ငံအတွင်းနှင့် နိုင်ငံများအကြား မမျှတမှုများတစ်နေ့တစ်ခြားဆိုးဝါးလာမှုကြောင့် နိုင်ငံချင်းယုံကြည်မှုမရှိခြင်း၊ ပြည်သူလူထုမှ စီမံအုပ်ချုပ်သည့်ဌာနများကို မယုံကြည်ခြင်းများဖြစ်ပေါ်လျက်ရှိရာ မတူညီမှုကိုဖယ်ကြဉ်ဆန့်ကျင်ခြင်း၊ လူမျိုးရေးဝါဒနှင့် လက်ခံနိုင်မှုမရှိခြင်း၊ အမုန်းစကားများနှင့် သတင်းမှားများကို ဖြန့်ဝေခြင်းဖြစ်ပေါ်လျက်ရှိကြောင်း၊ အကြမ်းဖက်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ အကျင့်ပျက်ခြစားခြင်း၊ နှိမ်ချဆက်ဆံခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ ပညာရေးနှင့်အလုပ်အကိုင် လစ်လပ်ခြင်းစသည့် တရားမျှတမှုမရှိသည့် အရင်းအမြစ်ကိုပယ်ဖျက်ရန် ကတိပြုပြောကြားခဲ့သည်။
 
ဒစ်ဂျစ်တယ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်ရန် ကြေညာချက်တွင် ကတိပြုခဲ့ကြသည်။ ဒစ်ဂျစ်တယ် နည်းပညာသည် လူမှုအဖွဲ့အစည်းကို ထဲထဲဝင်ဝင်ပြုပြင်ပြောင်းလဲလျက်ရှိရာ ယခင်ကမကြုံတွေ့ခဲ့ရသောအခွင့်အလမ်းနှင့် စိန်ခေါ်မှုအသစ်များဖြစ်ပေါ်လာကြောင်း ၊ ၎င်းနည်းပညာကိုမှန်ကန်စွာအသုံးမပြုခြင်းသို့မဟုတ် အဆိုးသဘောဖြင့် အသုံးပြုပါကနိုင်ငံအတွင်းနှင့် နိုင်ငံချင်းကွဲလွဲမှု၊လုံခြုံရေးအန္တရာယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ မမျှတမှုများ ပိုဆိုးဝါးကြီးထွားလာနိုင်ကြောင်း ဖော်ပြထားသည်။ လက်ရှိအရေးကြီးတာဝန်သည် ဒစ်ဂျစ်တယ် ပူးပေါင်းဆောင်ရွက်မှုနှင့် ဒစ်ဂျစ်တယ် အနာဂတ်အလားအလာအတူမျှော်မှန်းချက်ကိုပုံဖော်၍ ယုံကြည်မှုနှင့် လုံခြုံရေးရာအရေး ကိစ္စများကိုဖြေရှင်းရမည် ဖြစ်ကြောင်းဖော်ပြထားသည်။
ကုလသမဂ္ဂကို ပြုပြင်ပြောင်းလဲအဆင့်မြှင့်တင်ရန်၊ ကုလရန်ပုံငွေရေရည်တည်တံ့မှုရှိစေရန်၊ ကုလသမဂ္ဂနှင့် ဒေသတွင်း၊ဒေသခွဲအဖွဲ့အစည်းများ၊ NGOအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်း၊ ပညာရှင်များ၊ ဥပဒေပြုကိုယ်စားလှယ်များဖလှယ်မှုကို အားဖြည့်ဆောင်ရွက်ရန်၊ လူငယ်လူရွယ်များ၏ အကြံပြုချက်များကို နားဆင်ရန်နှင့်ပူးပေါင်းဆောင်ရွက်ရန် ၊နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၊ ညှိုနှိုင်းဆွေးနွေးမှုနှင့် စည်းလုံးညီညွတ်မှုများကိုအားဖြည့်ကာအနာဂတ်စိန်ခေါ်မှုများ၏ ရင်ဆိုင်နိုင်စွမ်းကို မြှင့်တင်ကြရန် ကတိကဝတ်ပြုခဲ့ကြကြောင်းကြေညာချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.