ပေကျင်း ၊ မေ ၂၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ကမ္ဘာလုံးဆိုင်ရာ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး စစ်မြေပြင်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ ဦးဆောင်မှုအခန်းကဏ္ဍတစ်ခုကို ဆက်လက်ထောက်ခံအားပေးသွားပြီး မြန်မာ နှင့် အခြားသောကမ္ဘာ့နိုင်ငံများနှင့်အတူ ဆောင်ရွက်သွားရန် တရုတ်နိုင်ငံက အသင့်ရပ်တည်သွားမည်ဖြစ်ကြောင်း ယနေ့ မေ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ) ဆေးသုတေသနဦးစီးဌာန (DMR)နှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ယနေ့ မေ ၂၀ ရက်၌ ပထမအသုတ်အဖြစ်ဓာတ်ခွဲနမူနာများ စစ်ဆေးခဲ့ရာ ယူအေအီးနိုင်ငံမှ ပြန်လာသူ ၆ဦးထံမှ COVID-19 ရောဂါပိုးကို စစ်ဆေးတွေ့ရှိပြီး ယခုအခါ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၉၉...
ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ) ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စွမ်းအင်ကဏ္ဍမှ နိုင်ငံအတွက် အမြတ်ငွေကျပ်သန်းပေါင်း ၁,၂၄၀,ဝဝဝ ခန့် ရရှိအောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က မေ ၂၀ ရက်တွင် ဆင်ဟွာသို့ ပြောကြားသည်။
ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် COVID-19 ရောဂါ စတင်ဖြစ်ပွားချိန်ကတည်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိခဲ့ကြောင်း ကျွမ်းကျင်ပညာရှင်တစ်ဦးက မေ ၁၉ ရက်တွင် ပြောကြားလိုက်သည်။
နေပြည်တော်၊ မေ ၂၀ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံသို့ နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်ခဲ့ရာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ဧပြီလမှ ၂၀၁၉ ဒီဇင်ဘာလအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၇၉၉ ခုတို့ကို စိစစ် ခွင့်ပြုနိုင်ခဲ့ပြီး အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၉...