Connect with us

WORLD

ဗီယက်နမ်နိုင်ငံ၌ COVID-19 ဖြစ်ပွားနေစဉ်အတွင်း စာသင်နှစ်သစ်အတွက် ကျောင်းများပြန်ဖွင့်

ဗီယက်နမ်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားနေစဉ်အတွင်း စက်တင်ဘာ ၅ ရက်က စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ထားသည့်မြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

ဟနွိုင်း ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံတွင် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်းမှာပင် စာသင်နှစ်သစ်အတွက် နိုင်ငံအတွင်းရှိကျောင်းများကို စက်တင်ဘာ ၅ ရက်က စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသားပေါင်း ၂၃ သန်းနီးပါးသည် ၎င်းတို့၏ စာသင်ကျောင်းများသို့ အသီးသီးတက်ရောက်ခဲ့ကြကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ခန့်မှန်းခြေအားဖြင့် မူကြိုအဆင့်ကျောင်းသားပေါင်း ၅ ဒသမ ၄ သန်း နီးပါး ၊ အခြေခံပညာအဆင့် ကျောင်းသားပေါင်း ၈ ဒသမ ၇ သန်းကျော် ၊ အလယ်တန်းအဆင့် ကျောင်းသားပေါင်း ၆ သန်းကျော် နှင့် အထက်တန်းအဆင့် ကျောင်းသားပေါင်း ၂ ဒသမ ၈ သန်း ကျော် သည် စာသင်နှစ်သစ် အတွက် သက်ဆိုင်ရာ စတင်ကျောင်းအသီးသီးသို့ တက်ရောက်ခဲ့ကြကြောင်း အဆိုပါ သတင်းအေဂျင်စီ၏ ဖော်ပြမှုအရ သိရသည်။

 ဗီယက်နမ်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားနေစဉ်အတွင်း စက်တင်ဘာ ၅ ရက်က စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ထားသည့်မြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

 ဗီယက်နမ်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားနေစဉ်အတွင်း စက်တင်ဘာ ၅ ရက်က စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ထားသည့်မြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

 ဗီယက်နမ်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားနေစဉ်အတွင်း စက်တင်ဘာ ၅ ရက်က စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ထားသည့်မြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

 ဗီယက်နမ်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားနေစဉ်အတွင်း စက်တင်ဘာ ၅ ရက်က စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ထားသည့်မြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

 ဗီယက်နမ်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားနေစဉ်အတွင်း စက်တင်ဘာ ၅ ရက်က စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ထားသည့်မြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

 ဗီယက်နမ်နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားနေစဉ်အတွင်း စက်တင်ဘာ ၅ ရက်က စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ထားသည့်မြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

ကျောင်းစတင်ဖွင့်လှစ်ခြင်းအခမ်းအနားကို စက်တင်ဘာ ၅ ရက်က နိုင်ငံတစ်ဝှမ်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဗီယက်နမ်နိုင်ငံ ပညာရေး နှင့် လေ့ကျင့်ရေး ဝန်ကြီးဌာန၏ တိုက်ရိုက်လမ်းညွှန်မှုအောက်တွင် COVID-19 ကပ်ရောဂါ ထိန်းချုပ်ရေးအစီအစဉ်များနှင့်အတူ ကျောင်းများကို လူမှုဘဝခပ်ခွွာခွာ ပုံစံဖြင့် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း  ဗီယက်နမ်သတင်းအေဂျင်စီက ဆက်လက်ဖော်ပြထားသည်။(Xinhua)