Connect with us

WORLD

အိန္ဒိယနိုင်ငံ၌ COVID-19 ရောဂါ ဖြစ်ပွားမှု ၊ သေဆုံးမှုများ သိသိသာသာ ဆက်လက်မြင့်တက် 

အိန္ဒိယနိုင်ငံ၌ ကျန်းမာရေး ဝန်ထမ်း တစ်ဦးက ဓာတ်ခွဲနမူနာ ရယူနေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ) 

အိန္ဒိယနိုင်ငံ၌ ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၉၀,၈၀၂ ဦးထိ မြင့်တက်လာခဲ့ပြီး သေဆုံးသူ ၁,၀၁၆ ဦး ရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော နောက်ဆုံးအချက်အလက်များအရ သိရသည်။

 နိုင်ငံတွင်း COVID-19 ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၄,၂၀၄,၆၁၃ ဦးထိ ရှိခဲ့ပြီး သေဆုံးသူ အရေအတွက် ၇၁,၆၄၂ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။ပြီးခဲ့သော ရက်ပိုင်းအတွင်း COVID-19 ရောဂါ ဖြစ်ပွားသူ အရေအတွက်မှာ ရုတ်တရက် မြင့်တက်လာခဲ့ပြီး အဓိကအားဖြင့် နိုင်ငံတစ်ဝှမ်း ဓာတ်ခွဲနမူနာ စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်လာခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ 

 ယခုအခါ နိုင်ငံအတွင်း COVID-19 ရောဂါ ဖြစ်ပွားသူများအနက် ၃,၂၅၀,၄၂၉ ဦးမှာ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းသွားခဲ့ကြပြီး ၈၈၂,၅၄၂ ဦးမှာ ကျန်ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။ အိန္ဒိယ ဆေးသုတေသနကောင်စီ (ICMR) ၏ အချက်အလက်များအရ စက်တင်ဘာ ၆ ရက်အတွက် ဓာတ်ခွဲနမူနာ ၇၂၀,၃၆၂ ခု စစ်ဆေးခဲ့ပြီး စက်တင်ဘာ ၆ ရက်အထိ ဓာတ်ခွဲနမူနာ ၄၉,၅၅၁,၅၀၇ ခုအား စစ်ဆေးပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

ယခုအခါတွင် အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် အမေရိကန် နိုင်ငံပြီးနောက် ဘရာဇီးနိုင်ငံကို ကျော်လွန်၍  COVID-19 ရောဂါ ဒုတိယ အဆိုးရွားဆုံး ထိခိုက်ခဲ့သည့် နိုင်ငံ ဖြစ်လာကြောင်း သိရသည်။ ထိုအတောအတွင်း အိန္ဒိယနိုင်ငံသည် ကန့်သတ်ချက်များဖြေလျှော့မှုအဆင့် ၄ ကို လုပ်ဆောင်နေပြီး ငါးလကျော်ကြာ ရပ်ဆိုင်းခဲ့သည့် ရထားဝန်ဆောင်မှုလုပ်ငန်းများအား အဆင့်လိုက် သတ်မှတ်ချက်များဖြင့် စက်တင်ဘာ ၇ ရက်မှ စတင်၍ ဒေလီ ၊ ချင်နိုင်း ၊ Bengaluru စသည့် မြို့အများအပြားတွင် ပြန်လည်စတင်ခဲ့ကြောင်း သိရသည်။ သို့သော် စာသင်ကျောင်းများနှင့် အခြား ပညာရေး ဆိုင်ရာ အဖွဲ့အစည်းများအားလုံးမှာ ဆက်လက်ပိတ်ထားဆဲ ဖြစ်ကြောင်း သိရသည်။ (Xinhua)