တူနစ် ၊ ဖေဖော်ဝါရီ ၄ ရက်(ဆင်ဟွာ) တူနီးရှားနိုင်ငံ အလယ်ပိုင်း Sidi Bouzid ပြည်နယ်ရှိ ကိုရမ်စာသင်ကျောင်းတစ်ကျောင်းကို ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် အကြမ်းဖက်ဝါဒ အားပေးလှုံ့ဆော်မှု နှင့် လူကုန်ကူးမှု များတွင် ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲချက်တို့ဖြင့် ပိတ်သိမ်းလိုက်ကြောင်း တူနီးရှားပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး တွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းပေါင်း ၄၅ ခုကို ငွေကျပ် ၉ ဘီလီယံခန့် အသုံးပြု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ဒေသ ၆ စစ်ကိုင်းတိုင်းဒေသကြီးရုံး မုံရွာမြို့)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် ၁ ဦးသေ၊ ၁၂ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ကော့ခ်ဘဇား ၊ ဒါကာ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်၏ အရှေ့တောင်ဘက် ၃၉၂ ကီလိုမီတာ တွင်ရှိသော နှစ်ရက်တာ ကျင်းပခဲ့သည့် စွန်လွှတ်ပွဲတော်သည် ကော့ဘဇားကမ်းခြေ ၌ ပြီးဆုံးသွားခဲ့ကြောင်း သိရသည်။