Connect with us

Economy

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲတွင် အချက်သုံးခု အဆိုပြု

၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ၏ ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှု ကုန်သွယ်ရေး ထိပ်သီးအစည်းအဝေး၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဗီဒီယိုလင့်ခ်မှတစ်ဆင့် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် စက်တင်ဘာ ၄ ရက်က ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပြုလုပ်သည့် ၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုလုပ်ငန်း ကုန်စည်ပြပွဲ၏ ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှု ကုန်သွယ်ရေး ထိပ်သီးအစည်းအဝေး၌ အချက်သုံးချက် အဆိုပြုခဲ့ကြောင်း သိရသည်။ 

ပထမအချက်မှာ နိုင်ငံများအားလုံးအနေဖြင့် ပွင့်လင်း၍ အားလုံးပါဝင်သော ပူးပေါင်းဆောင်ရွက်မှု ပတ်ဝန်းကျင်တစ်ခုကို အတူတကွ အားပေးမြှင့်တင်သွားသင့်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံသည် နယ်စပ်ဖြတ်ကျော် ဝန်ဆောင်မှုကုန်သွယ်ရေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ကဏ္ဍဆိုင်ရာ ကန့်သတ်မှုစာရင်း စီမံခန့်ခွဲမှုစနစ်အား ကောင်းမွန် အဆင်ပြေစွာတည်ထောင်ခြင်း၊ ရှေ့ပြေးဆောင်ရွက်နေသော ဆန်းသစ်မှုရှိသော ဝန်ဆောင်မှုလုပ်ငန်း ကုန်သွယ်ရေးဆိုင်ရာ တိုးတက်မှုအတွက် ပွင့်လင်းမှုရှိသော ပလက်ဖောင်းများ တည်ဆောက်ရေးအဆင့်မြှင့်တင်ခြင်းများ အပါအဝင် ဆောင်ရွက်ချက်များအား ပိုမိုတံခါးဖွင့်ဆောင်ရွက်ရေး ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရှီက ဆိုသည်။ 

တရုတ်နိုင်ငံအနေဖြင့် ဝန်ဆောင်မှုကဏ္ဍတွင် ဈေးကွက်ဝင်ရောက်မှု လွယ်ကူစေရေးနှင့် အရည်အသွေးရှိသော ဝန်ဆောင်မှု သွင်းကုန်များ တက်ကြွစွာ တိုးချဲ့ရေး ဆက်လက်ဆောင်ရွက်သွားမည် ဟု သမ္မတ ရှီက ပြောခဲ့သည်။ 

ဒုတိယအဆိုပြုချက်အနေဖြင့် နိုင်ငံများအားလုံးအနေဖြင့် ဆန်းသစ်တီထွင်မှုဖြင့် မောင်းနှင်သော ပူးပေါင်းဆောင်ရွက်မှုအရှိန်အဟုန် တက်ကြွထက်သန်စေရေး အတူတကွ လုပ်ဆောင်သွားသင့်ကြောင်း ရှီက ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံသည် နိုင်ငံများအားလုံးနှင့်အတူ ဉာဏမူပိုင်ခွင့်များ ကာကွယ်ရေး မြှင့်တင်ခြင်းနှင့် ဒီဂျစ်တယ်စီးပွားရေးနှင့် မျှဝေမှုရှိသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တက်ကြွစွာ မြှင့်တင်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတ ရှီက ဆိုသည်။ 

ရှီက တတိယ အဆိုပြုချက်တွင် အပြန်အလှန် အကျိုးဖြစ်ထွန်းမှုရရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို အတူကြိုးပမ်းအားထုတ်၍ ဆန်းသစ်တီထွင်စွာ လုပ်ဆောင်သွားရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။ 

နိုင်ငံများအားလုံးသည် ၎င်းတို့၏ ဝန်ဆောင်မှုလုပ်ငန်းများကုန်သွယ်ရေး တိုးတက်မှုအတွက် ခိုင်မာစွာ ပူးပေါင်းညှိနှိုင်းသွားသင့်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းများကို ဆန်းသစ်သင့်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များ နက်ရှိုင်းသင့်ကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုတွင် ဘုံအကျိုးစီးပွားများ တိုးချဲ့ ရှာဖွေသင့်ကြောင်း သမ္မတ ရှီက ထည့်သွင်းပြောကြားခဲ့သည်။  (Xinhua)