ဟောင်ကောင် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ရှိ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ကော်မရှင်နာရုံးက ဟောင်ကောင်ရဲတပ်ဖွဲ့၏ တရားဉပဒေစိုးမိုးရေး ဆောင်ရွက်ချက်များအား နာမည်ဖျက်ရန် နှင့် မဟုတ်မမှန် သိက္ခာကျဆင်းစေရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောဆိုမှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း နှင့် လုံးဝကျေနပ်မှု မရှိကြောင်း အောက်တိုဘာ ၄...
ရန်ကုန်၊ အောက်တိုဘာ ၅ ရပ် (ဆင်ဟွာ) ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့တွင် အောက်တိုဘာ ၄ ရက် မွန်းလွဲ ၂နာရီ ၅၀ မိနစ်ခန့်က ငွေကျပ် ၁၀ ဘီလီယံကျော်တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း (၈,၁၀၇) ခု အားစစ်ဆေးခဲ့ရာ COVID-19 အတည်ပြုလူနာသစ် (၁,၂၉၄) ဦးတွေ့ရှိခဲ့ပြီး အတည်ပြုလူနာစုစုပေါင်း (၁၇,၇၉၄) ရှိပြီဖြစ်ကြောင်း၊ ယနေ့သေဆုံးလူနာအသစ် (၄၁) ဦးရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ...
ဂျကာတာ ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံတွင် တစ်ရက်အတွင်း COVID-19 ရောဂါကူးစက်ခံရသူအသစ် ၄,၀၀၇ ဦးရှိခဲ့ရာ စုစုပေါင်းအတည်ပြုလူနာ ၂၉၉,၅၀၆ ဦးထိရှိလာခဲ့ကြောင်း နှင့် သေဆုံးသူမှာလည်း ၈၃ ဦးထပ်မံရှိခဲ့ရာ စုစုပေါင်းသေဆုံးသူ ၁၁,၀၅၅ ဦးထိရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။
ကိုင်ရို၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) ရှေးဟောင်းသုတေသနအဖွဲ့တစ်ခုသည် အီဂျစ်နိုင်ငံ Giza ပြည်နယ်ရှိ သီးခြား သင်္ချိုင်းဂူတစ်ခုတွင် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ခန့်က သစ်သားခေါင်းတလား ၅၉ ခု ကို တူးဖော်တွေ့ရှိခဲ့ကြောင်း အီဂျစ် ခရီးသွားနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အရာရှိက အောက်တိုဘာ ၃ ရက်တွင် ကြေညာခဲ့သည်။