ဝူးလူမုချီ ၊ ဩဂုတ် ၃ ရက်(ဆင်ဟွာ) ဗိုင်းရပ်စ်ပျံ့နှံ့မှု အသစ်တစ်ဖန်ဖြစ်ပွားနေသည့် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဝူးလူမုချီမြို့တွင် လက္ခဏာမပြ COVID-19 လူနာများ ၊ သံသယလူနာများ နှင့် အတည်ပြုလူနာများအားလုံးကို အခမဲ့ဆေးကုသမှုပေးနေကြောင်း မြူနီစီပယ်ကျန်းမာရေးစောင့်ရှောက်မှုအရာရှိတစ်ဦးက ဩဂုတ် ၂ ရက်တွင် ပြောကြားခဲ့သည်။
ဝူဟန့်၊ ဩဂုတ် ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟူပေပြည်နယ်တွင် ဩဂုတ် ၁ ရက်က COVID-19ရောဂါ အသစ်ထပ်တိုးအတည်ပြုလူနာ ၃ ဦးရှိကြောင်း ယင်းပြည်နယ်ကျန်းမာရေးကော်မရှင်က ဩဂုတ် ၂ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
ဂျီနီဗာ၊ ဩဂုတ် ၂ ရက်(ဆင်ဟွာ) COVID-19ကပ်ရောဂါသည် နိုင်ငံတကာ အာရုံစိုက်အလေးထားရသည့် ပြည်သူကျန်းမာရေးအရေးပေါ်အခြေအနေ(PHEIC)တွင် ရှိနေဆဲ ဖြစ်ရာ ကပ်ရောဂါကာလ ဆက်လက်ကြာမြင့်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းရသောကြောင့် ရေရှည်တုံ့ပြန်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဩဂုတ် ၁ ရက်တွင် ကြေညာခဲ့သည်။
ပေကျင်း ၊ ဩဂုတ်၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပထမဆုံး အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးခရီးစဉ်အတွက် လွှတ်တင်ထားသည့် ထျန်းဝန်-၁ (Tianwen-1)အာကာသယာဉ်သည် ဩဂုတ် ၂ ရက် ၇ နာရီတိတိတွင် 3000 N အင်ဂျင်အား စက္ကန့် ၂၀ ကြာ လည်ပတ်ပြီး ပထမအကြိမ် ORBITAL CORRECTION အဆင်ပြေချောမွေ့စွာ...
ရန်ကုန် ၊ ဩဂုတ် ၂ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများအရ ယခုအခါတွင် သုံးရက်ဆက်တိုက် လူနာသစ် ထပ်မံ မတွေ့ရှိရဘဲ COVID-19 ပထမလှိုင်း အကျပိုင်းသို့ ရောက်နေပြီ ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ကျန်းမာရေး...