Connect with us

CHINA

ပေကျင်းက နိုင်ငံတကာ တိုက်ရိုက်လေကြောင်းခရီးစဉ်များ ပြန်လည်စတင်မည်

ဩစတြီးယားနိုင်ငံ ဗီယင်နာ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာသည့် ပေကျင်းမြို့မှ Air China လေကြောင်းခရီးစဉ် CA841 အား ဩဂုတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် စက်တင်ဘာ ၃ ရက်မှစတင်၍ ပေကျင်းမြို့တော်နှင့် ကမ္ဘောဒီးယား၊ ဂရိ၊ ဒိန်းမတ်၊ ထိုင်း၊ ဩစတြီးယားနှင့် ကနေဒါ စသည့်နိုင်ငံ ၈ နိုင်ငံသို့ နိုင်ငံတကာ တိုက်ရိုက်လေကြောင်းခရီးစဉ်များ ဖြည်းဖြည်းချင်း ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

nucleic acid စစ်ဆေးမှုများ ပြုလုပ်ပြီးဖြစ်သည့် နယ်စပ်ဖြတ်ကျော် ရောဂါကူးစက်နိုင်ခြေနည်းပါးသည့် နိုင်ငံများမှ ခရီးစဉ်များကို ဦးစားပေး ပြေးဆွဲသွားမည် ဖြစ်ကြောင်း ပေကျင်းမြို့တော် အစိုးရ ပြောရေးဆိုခွင့်ရှိသူ Xu Jejian က စက်တင်ဘာ ၂ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ 

ပေကျင်းမြို့တော်တစ်ခွင် ပျံသန်းမည့် လေကြောင်းခရီးစဉ် စီးနင်းမည့်ခရီးသည်များအနေဖြင့် လေယာဉ်ပေါ်မတက်မီ COVID-19 ပိုးကင်းစင်ကြောင်း စစ်ဆေးမှုရလဒ်များ မဖြစ်မနေလိုအပ်မည်ဖြစ်ကြောင်း သိရသည်။  (Xinhua)