ရန်ကုန် ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) နိုင်ငံ့ဝန်ထမ်း တိုးမြှင့်သတ်မှတ် ပေးသည့် လစာနှုန်းထားများကို ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စတင်ကာ ခံစားခွင့်ရှိမည် ဖြစ်ကြောင်း ယနေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ အမှတ် ၃၀/၂၀၁၈ ဖြင့် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) ဆီးရီးယားပြဿနာအား ဧပြီလ ၂၈ ရက် မော်စကိုတွင် ကျင်းပသော ရုရှား၊တူရကီ၊အီရန် သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတွင် ဆွေးနွေးခဲ့ရာ ထိုပြဿာနာနှင့်စပ်လျဉ်း၍ အက်စတနာငြိမ်းချမ်းရေး ဆွေးနွေးမှုကို မေ ၁၄ ရက် ၊၁၅ ရက်တွင် ထပ်မံပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်ဟု သိရှိရသည်။
ဝါရှင်တန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းနှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်တို့၏ တွေ့ဆုံပွဲသည် လာမည့် သီတင်းပတ် သုံးပတ် သို့မဟုတ် လေးပတ်အတွင်း ဖြစ်နိုင်ကြောင်း ဧပြီလ ၂၈ ရက်က မီချီဂန်ပြည်နယ်၌ ရှိနေစဉ် ထရမ့်က ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ) မြောက်ဦးမြို့နယ်၌ ငွေကျပ် သိန်း ၁၄,၈၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။