နယူးယောက်၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) တရုတ်ရိုးရာ နှစ်သစ်ကူးအထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ဟူဆန်မြစ်၏ ကောင်းကင်ယံပေါ်တွင် ညအချိန် မီးရှူးမီးပန်းများပစ်ဖောက် လွှတ်တင်ခဲ့သည့် မြင်ကွင်းကို အောက်ပါ လင့်ခ်မှတစ်ဆင့်ကြည့်ရှုနိုင်ပါသည်။(Xinhua)
နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) နယူးဒေလီမြို့ရှိ ဟိုတယ်တစ်လုံးတွင် ဖေဖော်ဝါရီ ၁၂ ရက် အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ ကလေးငယ်များနှင့် အမျိုးသမီးများ အပါအဝင် လူ၁၇ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။
ဘာလင် ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ဂျာမနီနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အခွင်အလမ်းများ ဆောင်ကျဉ်း ပေးဆဲဖြစ်ကြောင်း ဂျာမနီနိုင်ငံ နာမည်ကျော် စီးပွားရေးသုတေသနဌာန Ifo Institute ဥက္ကဋ္ဌ Clemens Fuestက ဖေဖော်ဝါရီ ၁၁ ရက် ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း အတ်တာပရာဒက်ရှ် (Uttar Pradesh) နှင့် အူထရာခန့်(Uttarkhand) ပြည်နယ်ပြီးခဲ့သည့် သုံးရက်အကြာက တရားမဝင်အရက်တုသောက်သုံးမှုကြောင့် သေဆုံးသူအရေအတွက် ၁၀၀ ကျော်ထိရောက်ရှိခဲ့ကြောင်း တာဝန်ရှိ သတင်းရင်းမြစ်များက ဖေဖော်ဝါရီလ ၁၁ ရက်တွင် ပြောကြားလိုက်သည်။
မော်စကို ၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) ရုရှား နိုင်ငံက ၂၀၁၉ – ၂၀၂၄ ခုနှစ် အမျိုးသား မဟာ ဗျူဟာမြောက် ဖွံ့ဖြိုး တိုးတက်ရေး နယ်ပယ်များ စီမံကိန်းတွင် ရူဘယ် ၂၅.၇ ထရီလီယံ(အမေရိကန် ဒေါ်လာ ၃၉၁ ဘီလီယံ) အသုံးပြုသွားရန် စီစဉ်...