ပေကျင်း၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် အီရန် နျူကလီးယားအရေး တင်းမာမှုအခြေအနေ မဆိုးဝါးစေရန် အီရန် နျူကလီးယားသဘောတူညီချက်ကို အားလုံးအတူ ထိန်းသိမ်းကြရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ကိန်းစွမ်(Geng Shuang)က ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်ဟု သိရသည်။
ချန်ဒူး၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချန်ဒူးရှိ အကြီးဆုံးမြန်နှုန်းမြင့်ရထားများပြုပြင်ထိန်းသိမ်းရေး စင်တာ တွင် ရထားပြုပြင်ထိန်းသိမ်းရေးစက်ရုပ် သုံးရုပ်ကို အသုံးပြုကာ အကြီးစားပြုပြင်ထိန်းသိမ်းမှုများပြုလုပ်လျက်ရှိသည့် မြင်ကွင်းများကို ရိုက်ကူးတင်ဆက်ထားပါသည်။(Xinhua)
ပေကျင်း၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဋ္ဌာနက ဒုံးခွင်းဒုံးစနစ်တစ်ခုကို ဇူလိုင် ၂ ရက်တွင် စမ်းသပ်ခဲ့သည့် ဗီဒီယိုကိုထုတ်ပြန်ခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဋ္ဌာန ၏ သတင်းထုတ်ပြန်ချက်အရ အဆိုပါ စမ်းသပ်မှုမှာ အောင်မြင်ခဲ့ပြီး ပစ်မှတ်ကိုတိကျ မှန်ကန်စွာ ဒုံးကျည်များထိမှန်နိုင်ခဲ့ကြောင်းသိရသည်။ (Xinhua)
ရှန်ရှီး၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံတွင်တည်ရှိသည့် ကမ္ဘာ့အထင်ကရ ရှေးဟောင်းမဟာတံတိုင်းကြီး၏ ရှန်ရှီးပြည်နယ်ဘက်အခြမ်း မြင်ကွင်း ကို ကောင်းကင်ပုံရိပ်များဖြင့် ရိုက်ကူးတင်ဆက်ထားသည်။ (Xinhua)
ဘာရီ ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) ယခုနှစ် နွေရာသီတွင် ၂၅ ကားမြောက် ဂျိန်းစ်ဘွန်း ဇတ်ကားအား အီတလီ နိုင်ငံ ၊ ပတ်လီယာမြို့၌ နှစ်လကြာ ရိုက်ကူးသွားမည် ဖြစ်ကြောင်း သတင်းရင်းမြစ်များက ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။