Connect with us

Politics, Law & Military

အမျိုးသားလုံခြုံရေးဥပဒေက ဟောင်ကောင်တွင် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပေါင်းစည်းရန် အကူအညီဖြစ်စေသည်ဟု ပြောကြား

ဟောင်ကောင်ရှိ ဗစ်တိုးရီးယားဆိပ်ကမ်း၌ “ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဥပဒေ ပြဌာန်းမှုကို ကြိုဆိုခြင်း” စာတန်းချိတ်ဆွဲထားသော သင်္ဘောတစ်စင်း ရွက်လွှင့်သွားလာနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)

ဟောင်ကောင်ရှိ အမျိုးသားလုံခြုံရေးဥပဒေသည် ဟောင်ကောင်အား ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်တွင် ပါဝင်ဖော်ဆောင်ရေးနှင့် အမျိုးသားလုံခြုံရေးဖွံ့ဖြိုးတိုးတက်မှု ပေါင်းစည်းရေးတို့အတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) ရှိ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ကော်မရှင်နာမင်းကြီး Xie Feng က ပြောကြားလိုက်သည်။ 

အဆိုပါ ဥပဒေသည် ဟောင်ကောင်တွင် လုံခြုံရေးယိုပေါက်များကို ပိတ်လိုက်ခြင်းဖြစ်ပြီး ဟောင်ကောင်ကို “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” အကောင်အထည်ဖော်ရေး ပြောင်းလဲမှုအဆင့်သစ်သို့ နေရာပေးသွားမည် ဖြစ်ကြောင်း ဩဂုတ် ၁၈ ရက်က ကျင်းပသော ဟောင်ကောင်-အင်ဒိုနီးရှား စီးပွားရေးအခွင့်အလမ်းများဆိုင်ရာ အွန်လိုင်းဖိုရမ်တစ်ခု၌ Xie က ထည့်သွင်း ပြောကြားခဲ့သည်။ 

ဟောင်ကောင်အနေဖြင့် စီးပွားရေးတိုးတက်မှု၊ ပြည်သူများ၏ လူနေမှုဘဝ ကောင်းမွန်လာရေးနှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ထပ်မံပေါင်းစည်းရေးကို အာရုံစိုက်သွားမည်ဖြစ်ကာ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်မှုများအား စိတ်ချရစေရန် တည်ငြိမ်မှုရှိပြီး ကြိုတင်ခန့်မှန်းနိုင်သော ပတ်ဝန်းကျင်နှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် တောက်ပသောမျှော်လင့်ချက်များကို ပိုမိုထောက်ပံ့ပေးသွားမည်ဟု Xie က ဆိုသည်။ 

ဗဟိုအစိုးရနှင့် တရုတ်နိုင်ငံသားများကလည်း စိန်ခေါ်မှုများ ရင်ဆိုင်ကြုံတွေ့မှုများမှ  မူလနေရာ ပြန်လည်ရောက်ရှိလာသော ဟောင်ကောင်နှင့် အမြဲတစေရှိသွားမည် ဖြစ်ကြောင်း၊ COVID-19 ကူးစက်ရောဂါ သို့မဟုတ် ပြည်ပနိုင်ငံများမှ သတ်မှတ်ထားသော အမည်ခံ “ပိတ်ဆို့မှုများ” သည်လည်း ကိစ္စမရှိကြောင်း Xie က ထည့်သွင်းပြောကြားခဲ့သည်။ 

အဆိုပါ ဖိုရမ်၌ HKSAR အုပ်ချုပ်ရေးမှူး ကာရီလမ်း၊ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mahendra Siregar နှင့် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Xiao Qian တို့လည်း မိန့်ခွန်းပြောကြားခဲ့သည်။ အွန်လိုင်းဖိုရမ်အား HKSAR အစိုးရ ကုန်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဗျူရိုနှင့် ဟောင်ကောင်ရှိ အင်ဒိုနီးရှားနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးတို့ ပူးတွဲ ကျင်းပခြင်းဖြစ်ပြီး ကောင်မရှင်နာမင်းကြီးရုံးက ကူညီပေးခဲ့ခြင်းဖြစ်သည်။ ယင်းဖိုရမ်သို့ ဟောင်ကောင်နှင့် အင်ဒိုနီးရှားနိုင်ငံမှ စီးပွားရေးခေါင်းဆောင်များနှင့် ပညာရှင် ၉၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)