Connect with us

Africa & Middle East

ဖမ်းဆီးခံထားရသော မာလီနိုင်ငံသမ္မတ ရာထူးမှ နုတ်ထွက်ကြောင်းကြေညာ

ရာထူးမှနုတ်ထွက်သွားသော မာလီနိုင်ငံသမ္မတ Keita နှာခေါင်းစည်းတပ်ဆင်ထားသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ဘန်မာကို ၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ)

လတ်တလော ပုန်ကန်မှုပြုလုပ်နေသည့် မာလီနိုင်ငံ စစ်သားများ၏ ဖမ်းဆီးခြင်းခံရပြီး စစ်စခန်းတစ်ခုတွင် ချုပ်နှောင်ထိန်းသိမ်းခြင်းခံထားရသော မာလီ သမ္မတ Boubacar Keita သည် ၎င်းအနေဖြင့် သမ္မတရာထူးမှ နုတ်ထွက်ကြောင်း နှင့် ဝန်ကြီးချုပ် Boubou Cisse ၏ အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုဖျက်သိမ်းကြောင်း ဩဂုတ် ၁၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

“ လက်တလော ကျွန်တော်တာဝန် ယူထားတဲ့ လုပ်ငန်းတာဝန်အားလုံးကနေ ၊ ကျွန်တော့်အလုပ်တာဝန်ကနေ ထွက်သွားဖို့ ဆုံးဖြတ်ပြီးပါပြီ ၊ အစိုးရအဖွဲ့နဲ့ လွှတ်တော်ကို ဖျက်သိမ်းကြောင်း ကြေညာပါတယ်” ဟု မာလီနိုင်ငံ အမျိုးသားရုပ်မြင်သံကြား(ORTM)မှတစ်ဆင့် ထုတ်ပြန်ခဲ့သည့် သမ္မတ Keita ၏ ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

“ ကျွန်တော်ရာထူးမှ ဆက်ပြီးမြဲနေဖို့ သွေးထွက်သံယိုဖြစ်မှာကို မလိုလားပါဘူး” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။အနောက်အာဖရိကနိုင်ငံများစီးပွားရေးအသိုက်အဝန်း(ECOWAS) ၊ အာဖရိကသမဂ္ဂ ၊ ဥရောပသမဂ္ဂ နှင့် ကုလသမဂ္ဂ စသည့် အဖွဲ့များက မာလီစစ်သားများ၏ တော်လှန်ပုန်ကန်မှုနှင့် သမ္မတ Keita အား ဩဂုတ် ၁၈ ရက် မွန်းလွဲပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းအပေါ် ပြစ်တင်ရှုံ့ချခဲ့ပြီး ဖွဲ့စည်းပုံအခြေခံကို လေးစားလိုက်နာရင် တောင်းဆိုခဲ့ကြောင်း သိရသည်။(Xinhua)