ဝါရှင်တန် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအစိုးရ၏ ထိပ်တန်း ကူးစက်ရောဂါကျွမ်းကျင်ပညာရှင် အန်တိုနီယိုဖော့စီ(Anthony Fauci) က လက်ရှိကူးစက်မှုနှုန်း အနေအထားသည် အလှည့်အပြောင်း မဖြစ်ပေါ်ခဲ့ပါက အမေရိကန်နိုင်ငံတွင် တစ်ရက်လျှင် COVID-19 ကူးစက်ခံရသူ တစ်သိန်းထိ ဖြစ်လာနိုင်ကြောင်း ဇွန် ၃၀ ရက်တွင် သတိပေးပြောကြားလိုက်သည်။
ဟောင်ကောင် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)ရှိ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ကော်မရှင်နာရုံးက ဇွန် ၃၀ ရက်၌ ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှုဥပဒေ ပြဌာန်းခဲ့ခြင်း နှင့် ယင်းထုတ်ဖော်ကြညာမှုသည် “တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး” အောင်မြင်မှုအတွက် စာမျက်နှာသစ်တစ်ခုစတင်ဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂျီနီဗာ ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) ဇွန် ၃၀ ရက်က ပြုလုပ်သော ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၄၄ ကြိမ်မြောက် အစည်းအဝေး၌ တရုတ်နိုင်ငံထိပ်တန်းဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များက ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင် အမျိုးသားလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှုဥပဒေ ပြဌာန်းခဲ့ခြင်းအပေါ် ကမ္ဘာ့နိုင်ငံပေါင်း ၅၂ နိုင်ငံကိုယ်စား ကျူးဘားနိုင်ငံက ကြိုဆိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဟောင်ကောင် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဟောင်ကောင်မြို့တွင် အမိမြေသို့ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း ၂၃ နှစ်မြောက်အခမ်းအနားကို ယနေ့ဇူလိုင် ၁ ရက် နံနက်ပိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။