ရန်ကုန်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် သိန်းနီမြို့နယ်၊ ခွန်ညို့ကျေးရွာအနီးတွင် ဇွန် ၂၄ ရက် ဆိုင်ကယ်နှင့် ကား တိုက်မိပြီး လူ ၃ ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ဘန်ကောက် ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံသည် အာဆီယံ ဒေသ အတွင်း လျှပ်စစ် ဓာတ်အား အချက်အချာ ဖြစ်လာရန် ရည်မှန်းထားကြောင်း ဇွန် ၂၄ ရက်တွင် ရှင်းလင်းခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဇွန် ၂၅ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ အမြင့်ဆုံးခေါင်းဆောင် အလီ ခါမေနီ (Ali Khamenei) နှင့် ၎င်းဦးဆောင်သည့် ဌာနများကို ပိတ်ဆို့မှုပြုလုပ်ရန် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဇွန် ၂၄ ရက်တွင် အမိန့်ကြေညာချက် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က အနောက်နိုင်ငံများအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုအား ၂ဝ၂ဝ ပြည့်နှစ် နှစ်ကုန်ပိုင်းအထိ ဆက်လက်ပြုလုပ်သွားရန် နောက်ထပ်တစ်နှစ်သက်တမ်းတိုးမည့် အမိန့်တစ်ရပ်ကို ဇွန် ၂၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၂၅ (ဆင်ဟွာ) နေအိမ်နှင့် စီးပွားရေးလုပ်ငန်းသုံး လျှပ်စစ်ဓာတ်အားခနှုန်းထားများအား ယခုနှစ် ဇူလိုင် ၁ ရက်မှ စတင်ပြီး တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်လိုက်သော သတင်းအရ သိရသည်။