Connect with us

Europe

အမေရိကန် နိုင်ငံ ၏ လေယာဉ် တည်ဆောက်ရေး လုပ်ငန်း များအပေါ် လက်တုံ့ပြန်မှုဆန်သော အခွန်ကောက်ယူမှုကို ပယ်ဖျက်ပေးရန် ဥရောပ သမဂ္ဂ တိုက်တွန်း

ပြင်သစ် နိုင်ငံ တွင် ကျင်းပ ပြုလုပ်သော လေကြောင်းပြပွဲ တွင် A350-1000 အမျိုးအစား ခရီးသည်တင်လေယာဉ် ပျံသန်းသွားသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘရပ်ဆဲလ် ၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

ပြင်သစ် နိုင်ငံ နှင့် စပိန် နိုင်ငံ အစိုးရ တို့ က ခရီးသည်တင်လေယာဉ် တည်ဆောက်ရေး လုပ်ငန်း တွင် စည်းမျဉ်းစည်းကမ်း အား ချိုးဖောက်၍ ထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ခြင်း များကို ပြင်ဆင်လိုက်ပြီး ဖြစ်သောကြောင့် အမေရိကန် နိုင်ငံ အနေဖြင့် လက်တုံ့ပြန်မှုဆန် သည့် အခွန်ကောက်ယူမှုများကို ပယ်ဖျက်ပေးရန် တိုက်တွန်းလိုကြောင်း ဥရောပ သမဂ္ဂ က ဇူလိုင် ၂၄ ရက် ၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

ဥရောပ ကောင်စီကလည်း ပြင်သစ် နိုင်ငံ နှင့် စပိန် နိုင်ငံ တို့သည် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ချုပ် မှ ချမှတ်ခဲ့သည့် သက်ဆိုင်ရာ စီရင်ချက်များကို လိုက်နာဆောင်ရွက် ခဲ့သည် အတွက် အမေရိကန် နိုင်ငံ အနေဖြင့် လက်တုံ့ပြန်မှုဆန် သော အခွန်ကောက်ယူကို ဆက်လက် ဆောင်ရွက်ရန် အကြောင်း ပြချက် မရှိတော့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

အီးယူ ကုန်သွယ်ရေး ကော်မတီ အဖွဲ့ဝင် Phil Hogan က အမေရိကန် နိုင်ငံ အစိုးရ ၏ ဘိုးအင် ကုမ္ပဏီ အပေါ် တရားမဝင် ထောက်ပံ့မှုများ အား ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ချုပ် ထံသို့ အီးယူ က တရားစွဲဆိုခဲ့ရာ တွင်  အဖွဲ့ချုပ် က စီရင်ချက်အား လျင်မြန်စွာ ချမှတ်ခဲ့ကြောင်း ၊  အမေရိကန် နိုင်ငံ အနေဖြင့် အီးယူ နှင့် ကျေအေးခြင်း မပြုလုပ်လိုပါက အီးယူ အနေဖြင့် အမေရိကန် နိုင်ငံ အပေါ် အရေးယူပိတ်ဆို့သည့် အခွင့်အရေး အား ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ၊ နှစ်ဦးနှစ်ဖက် ၏ ကာလတစ်လျှောက် လေယာဉ် တည်ဆောက်မှု လုပ်ငန်း တွင် ထောက်ပံ့မှု ဆောင်ရွက်ပေးသည့် အငြင်းပွားမှု ကို ဖြေရှင်းနိုင်ရန် အတွက် အီးယူ အနေဖြင့် ကျေအေး နိုင်မည့် အကြံပြုချက်များစွာ အကြံပြု ခဲ့ပြီး အီးယူ အနေဖြင့် အမေရိကန် နိုင်ငံ နှင့် ညှိနှိုင်းဆောင်ရွက်မှု ဖြင့် တရားမျှတပြီး တန်းတူညီမျှသည့် သဘောတူညီချက် ရရှိအောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နှင့် အီးယူ အကြား လေယာဉ် တည်ဆောက်မှု လုပ်ငန်း တွင် ထောက်ပံ့မှု ဆောင်ရွက်ခြင်း နှင့် ပတ်သက်၍ အငြင်းပွားမှု ဖြစ်ပွား သည် မှာ အချိန်ကာလ ကြာမြင့်ပြီး ဖြစ်ပြီး ၂၀၀၄ ခုနှစ် တွင် အမေရိကန် နိုင်ငံ က ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ချုပ် တွင် တရားစွဲဆိုမှု ပြုလုပ် ခဲ့ပြီး အီးယူ က နည်းလမ်းမျိုးစုံဖြင့် ခရီးသည်တင်လေယာဉ် တည်ဆောက်မှု လုပ်ငန်း တွင် တရားမဝင် ထောက်ပံ့မှုများ ဆောင်ရွက်နေသည်ဟု စွပ်စွဲခဲ့သည်။ ထို့နောက် တွင် အီးယူ အနေဖြင့် လည်း ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ချုပ် တွင် အမေရိကန် နိုင်ငံ အစိုးရ က ဘိုးအင်း ကုမ္ပဏီ အား တရားမဝင် ထောက်ပံ့မှုများ ပြုလုပ်နေကြောင်း တရားစွဲဆို ခဲ့သည်။ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ချုပ် က အမေရိကန် နှင့် အီးယူ နှစ်ဘက်လုံး က ၎င်းတို့၏ လေယာဉ်တည်ဆောက်မှု လုပ်ငန်းများ အတွက် တရားမဝင် ထောက်ပံ့မှုများ ပြုလုပ်ခဲ့သည် ဟု စီရင်ချက် ချမှတ် ခဲ့သည်။

ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ချုပ် မှ စီရင်ချက် ချမှတ်ပြီးနောက် တွင် အမေရိကန် နိုင်ငံ က ယခင် နှစ် အောက်တိုဘာ ၁၈ ရက် မှ စတင်၍ အီးယူ မှ အမေရိကန် နိုင်ငံ သို့ တင်ပို့ သည် အမေရိကန် ဒေါ်လာ ၇.၅ ဘီလီယံ တန်ဖိုးရှိ ကုန်ပစ္စည်းများ အပေါ် အခွန်တိုးမြှင့်ကောက်ခံခဲ့ပြီး အီးယူ ၏ အကြီးစား အရပ်ဘက်သုံး လေယာဉ် များအပေါ် အခွန် ၁၀ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံ ခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီ ၁၄ ရက် ၌ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံး က အမေရိကန် နိုင်ငံ အနေဖြင့် အီးယူ မှ တင်သွင်းသည့် အကြီးစား အရပ်ဘက်သုံး လေယာဉ် များအပေါ် ကောက်ခံသည့် အခွန်အား ၁၀ ရာခိုင်နှုန်း မှ ၁၅ အထိ မြှင့်တင်လိုက်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117