Connect with us

WORLD

ပရက်ဂ်မြို့တွင် ညကလပ်ပါတီတက်ပြီးနောက် လူ ၁၀၉ ဦး COVID-19 ကူးစက်ခံရ

ချက်သမ္မတနိုင်ငံ ပရက်ဂ်မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် စားသောက်နေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ပရက်ဂ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

ချက်သမ္မတနိုင်ငံ မြို့တော် ပရက်ဂ်ရှိ ညကလပ်တစ်ခုတွင် ဇူလိုင် ၁၁ ရက်က ပြုလုပ်သည့် မွေးနေ့ပါတီတက်ရောက်ပြီးနောက် လူပေါင်း ၁၀၉ ဦး COVID-19 ကူးစက်ခံခဲ့ရကြောင်း ဒေသတွင်းမီဒီယာက ဇူလိုင် ၂၄ ရက်တွင် သတင်းဖော်ပြခဲ့သည်။ 

“အဲဒီပွဲမှာတွေ့ဆုံခဲ့တဲ့လူငယ်အုပ်စုတွေထဲကပါပဲ။ ဘာလို့လဲဆိုတော့ သူတို့ကလှုပ်ရှားမှုတွေနဲ့ ထိတွေ့မှုတွေ အများကြီးရှိခဲ့ကြတယ်။ ဖျားနာလို့ သတင်းရတဲ့အရေအတွက်က ၁၀၉ ဦးအထိရှိလာပြီ” ဟု ပရက်ဂ်မြို့ တစ်ကိုယ်ရေ ကျန်းမာရေး နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဌာန အကြီးအကဲ Zdenka Jagrova ၏ ပြောကြားချက်အား ကိုးကား၍ Czech News Agency က ဖော်ပြခဲ့သည်။ 

Techtle Mechtle ညကလပ်တွင် လူချင်းထိတွေ့မှုများပြားခဲ့သဖြင့် ရောဂါကူးစက်မှုအရေအတွက်မှာ မြင့်တက်နိုင်ဖွယ်ရှိကြောင်း၊ လူဦးရေ ၂၇၀ ဦးကို အသွားအလာကန့်သတ်ထားရှိပြီးဖြစ်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။ 

ကျန်းမာရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ ပါတီတက်ရောက်သူများအနေဖြင့် ဗိုင်းရပ်စ်ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားခြင်းမရှိကြောင်းနှင့် ၎င်းတို့သည် ပိုက်တစ်ချောင်းတည်းဖြင့် ကော့တေးများ သောက်သုံးခဲ့ကြကြောင်း သိရသည်။ 

ချက်သမ္မတနိုင်ငံတွင် ဇူလိုင် ၂၄ ရက်အထိ COVID-19 ဖြစ်ပွားကြောင်း အတည်ပြုလူနာအရေအတွက် ၁၄,၉၂၄ ဦးရှိပြီး သေဆုံးသူ ၃၆၅ ဦးရှိကြောင်း သိရသည်။  (Xinhua)