ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဇူလိုင်နှင့် သြဂုတ်လအတွင်း ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၂၃ဦးရှိနေပြီဖြစ်ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲကို သြဂုတ် ၂၅ ရက် မွန်းတည့် (၁၂)နာရီတွင် မြန်မာနိုင်ငံဘက်အခြမ်း ဇီးပင်ချောင်း ချောင်းဝကင်းစခန်း တွင် ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၃/၂ဝ၁၈) ကြိမ်မြောက် အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများထပ်မံခွင့်ပြုပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဆိုဖီယာ ၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ) ဘူဂေးရီးယားနိုင်ငံ မြို့တော် ဆိုဖီယာမြို့ အနီးတွင် သြဂုတ် ၂၅ ရက် က ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီးချောက်ထဲ ပြုတ်ကျမှုကြောင့် အနည်းဆုံး လူ ၁၆ ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ဟူစတန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတောင်ပိုင်း တက္ကဆက်ပြည်နယ်တွင် သြဂုတ်လ ၂၅ ရက် နေ့လယ်ပိုင်းက ရထားတစ်စင်းအား ထရပ်ကားငယ်တစ်စီးက ဝင်တိုက်ခဲ့ရာ လူ ၂ ဦးသေဆုံးခဲ့ပြီး အခြားသူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။