Connect with us

Videos

တစ်ကမ္ဘာလုံးတွင် COVID-19 ရောဂါဖြစ်ပွားသူ ၁၀သန်းကျော်ရှိပြီဖြစ်

နယူးယောက် ၊ ဇွန် ၂၉ ရက်(ဆင်ဟွာ) 

၂၀၂၀ ပြည့်နှစ် ဇွန် ၂၈ ရက်အထိ တစ်ကမ္ဘာလုံးတွင် COVID-19 ရောဂါကူးစက်ခံရသူ ၁၀သန်းကျော်ရှိပြီဖြစ်ပြီး သေဆုံးသူ ၅ သိန်းကျော် ရှိသွားပြီဖြစ်ကြောင်းအမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံ နှင့် အင်ဂျင်နီယာဌာန(CSSE) ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဇွန် ၂၈ ရက် အမေရိကန်ဒေသစံတော်ချိန် ညနေ ၄ နာရီ ၃၃ မိနစ် ( ဂရင်းနစ်စံတော်ချိန် ၂၀၃၃ နာရီ) အထိ တစ်ကမ္ဘာအတိုင်းအတာဖြင့် COVID-19 ရောဂါကြောင့် သေဆုံးသူ ၅၀၀,၁၀၈ ဦး ရှိကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်က ဆိုသည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာပေါ်တွင် COVID-19 ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၀,၀၆၃,၃၁၉ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံသည် ရောဂါကူးစက်မှု အများဆုံးဖြစ်ပွားနေပြီး စုစုပေါင်းကူးစက်ခံရသူ ၂,၅၃၉,၅၄၄ ဦး နှင့် သေဆုံးသူ ၁၂၅,၇၄၇ ဦး အသီးသီး ရှိသည်။ ရောဂါ ကူးစက်ခံရသူ နှစ်သိန်း အထက် ရှိသော အခြားနိုင်ငံများမှာ ဘရာဇီး ၊ ဗြိတိန် ၊ အီတလီ ၊ ပြင်သစ် ၊ စပိန် နှင့် မက္ကဆီကို နိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။ နိုင်ငံအလိုက်ရောဂါဖြစ်ပွားမှုအခြေအနေပြ ဇယား ကို နေ့အလိုက် အချက်အလက်များစုစည်း၍ ဆင်ဟွာသတင်း ဌာနမှတင်ဆက်ထားပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.