နေပြည်တော်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့ သမ္မတနိုင်ငံကိုယ်စား မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးက လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနသို့ ယနေ့ နေ့လယ်တွင် ကျပ် သန်း နှစ်ရာ လှူဒါန်းခဲ့ ရာ ရခိုင်ပြည်နယ် တည်ငြိမ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့်...
ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ကျေးရွာအုပ်စု (၈) အုပ်စုရှိ တောင်သူ (၁၉၄) ဦး၏ မိုးစပါးစိုက်ဧက (၄၉၂) ဧက ရေနစ်မြုပ်ခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ကသိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) မြန်မာနှင့်ထိုင်း လက်ရွေးစင်ဘောလုံးအသင်း ခြေစမ်းပွဲအား လာမည့် အောက်တိုဘာ ၅ ရက်နေ့၊ ညနေ(၆း၃၀)နာရီ၊ မန္တလေးမြို့ရှိ မန္တလာသီရိကွင်းကြီးတွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ) ယနေ့ နံနက် ၃ နာရီ ကျော်ခန့်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့၏ အနောက်မြောက်ဘက်(၂၈)မိုင်ခန့်အကွာ ကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄.၀ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။