မက္ကဆီကို စီးတီး ၊ ဒီဇင်ဘာ ၃၀ ရက်(ဆင်ဟွာ) မက္ကဆီကို နိုင်ငံအနောက်ပိုင်း Jalisco ပြည်နယ် Zapopanမြို့တွင် ဒီဇင်ဘာ ၂၉ ရက်က လူနေအိမ် တစ်အိမ်မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၅ ဦး သေဆုံးခဲ့ကြောင်း ၊ သေဆုံးသူများအနက် အရွယ်မရောက် သေးသောကလေးငယ်တစ်ဦး ပါဝင်ကြောင်း မြို့ပြကာကွယ်ရေးဌာနက...
ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ စမ်းကြီးဝရပ်ကွက်တွင် ဒီဇင်ဘာ ၂၉ ရက် နံနက် ၆နာရီ ၁၀မိနစ်က ရေခဲသေတ္တာအပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ရာ လူနေအိမ် ၈လုံးထိ ကူးစက်လောင်ကျွမ်းပြီး ဆုံးရှုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်၌ စတင်ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က ယနေ့ ထုတ်ပြန်ကြေညာချက်အရသိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) အထက်ဘီလူး ချောင်းရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အားဝယ်ယူနိုင်ရေး အတွက် သဘောတူစာချုပ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းနှင့် စွမ်းအားသစ်အိုအေစစ် ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက်တို့ အကြား လက်မှတ်ရေးထိုးပွဲ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) မွန်ပြည်နယ် သထုံမြို့၌ ဒီဇင်ဘာ ၂၉ ရက် နံနက်တွင် ဘုရားဖူးယာဉ် တိမ်းမှောက်မှုကြောင့် လူတစ်ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။