Connect with us

Science & Technology

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် ပြုလုပ်သည့် AI လုပ်ငန်းပြပွဲ၌ စီမံကိန်း ၁၄၈ ခုကို အွန်လိုင်းမှတစ်ဆင့် လက်မှတ်ရေးထိုး

စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ဉာဏ်ရည်တုကွန်ဂရက်အား အင်တာနက်မှတစ်ဆင့် ဝင်ရောက်လေ့လာနေသူတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းကျင်း၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် အဓိက ဉာဏ်ရည်တုပြပွဲတစ်ခုဖြစ်သော စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ဉာဏ်ရည်တုကွန်ဂရက် (World Intelligence Congress) အား ထျန်းကျင်းမြို့တွင် ပြုလုပ်ခဲ့ပြီး စီမံကိန်း ၁၄၈ ခုကို အွန်လိုင်းမှတစ်ဆင့် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။ 

နှစ်ရက်ကြာပြုလုပ်ခဲ့သည့် အဆိုပါပွဲ၌ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ယွမ် ၈၀.၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁.၄ ဘီလီယံခန့်) ရှိသော ပြည်တွင်းစီမံကိန်း ၁၃၁ ခုနှင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံရှိသော ပြည်ပ စီမံကိန်း ၁၇ ခုကို အွန်လိုင်းမှ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း ထျန်းကျင်းမြို့ ဒုတိယမြို့တော်ဝန် ကျင်းရှန်ကျွင်းက ပြောကြားခဲ့သည်။ 

အဆိုပါ စီမံကိန်းများတွင် အခြေခံအဆောက်အအုံအသစ်များ၊ နည်းပညာမြင့်ဝန်ဆောင်မှုများ၊ စွမ်းအင်သစ်နှင့် ကုန်ပစ္စည်းသစ်များ၊ နောက်ဆုံးပေါ်နည်းပညာကိရိယာ ထုတ်လုပ်ခြင်း စသည့်ကဏ္ဍများ ပါဝင်ကြောင်း သိရသည်။ 

“ခေတ်သစ်အသိဉာဏ် : တီထွင်ဆန်းသစ်မှု၊ အားထုတ်မှုနှင့် ဂေဟဗေဒ” ဟူသော ဆောင်ပုဒ်ဖြင့် ပြုလုပ်သော အွန်လိုင်းကွန်ဂရက်သည် အွန်လိုင်းမှဝင်ရောက်လေ့လာသူပေါင်း ၁ သန်းကျော်ကို ဆွဲဆောင်နိုင်ခဲ့သည်။ ပွဲကျင်းပစဉ်အတွင်း ဖိုရမ်များ၊ ပြပွဲများနှင့် ပြိုင်ပွဲများ ပါဝင်သည့် အွန်လိုင်းလှုပ်ရှားမှုပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117