Connect with us

CHINA

တရုတ်နိုင်ငံ အစိုးရက ကောလိပ်ဘွဲ့ရများအတွက် အွန်လိုင်းတွင် အလုပ်အကိုင်ရှာဖွေရန် ကူညီပေးလျက်ရှိ 

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၂၀၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ်နှင့် မသန်စွမ်းအိုလံပစ် အားကစားပွဲများ အတွက် ပေကျင်း ပွဲဖြစ်မြောက်ရေးကော်မတီမှ ပြုလုပ်သော အလုပ်အကိုင်ရှာဖွေရေး အွန်လိုင်းတွေ့ဆုံမေးမြန်းမှု အတွင်း အလုပ်လျှောက်ထားသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရက ပံ့ပိုးပေးထားသော အွန်လိုင်း အလုပ်အကိုင်စုဆောင်ရေးဝန်ဆောင်မှု ပလက်ဖောင်းက ၎င်းလုပ်ငန်းစတင်ခဲ့သည့် မတ်လကစတင်ကာ ကောလိပ်ဘွဲ့ရများအတွက်  အလုပ်အကိုင်နေရာပေါင်း ၁၃ သန်းကျော် ကမ်းလှမ်းနိုင်ခဲ့ကြောင်း သိရသည်။ 

COVID-19 ရောဂါကြောင့် ထိခိုက်မှုများ ဖြစ်ပွားနေသည့်ကြားမှ ဘွဲ့ရများ အလုပ်အကိုင်ရှာဖွေရေး အကူအညီဖြစ်စေရန် “၂၄၃၆၅” ပလက်ဖောင်းအား ပညာရေးဝန်ကြီးဌာန (MOE) နှင့် အလုပ်အကိုင်ရှာဖွေရေးပလက်ဖောင်းများစွာတို့က ပူးတွဲထောက်ပံ့ထားခြင်းဖြစ်သည်။ 

စုစုပေါင်း အထူးအွန်လိုင်း အလုပ်အကိုင်ပြပွဲ ၂၉ ခုကို အဆိုပါ ပလက်ဖောင်းတွင် ပြုလုပ်ခဲ့ပြီး မဟာဗျူဟာကျသော ထွန်းသစ်စစီးပွားရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း အပါအဝင် နယ်ပယ်အသီးသီးမှ အလုပ်အကိုင်လစ်လပ်နေရာ ၅ သန်းနီးပါးကို ကမ်းလှမ်းလျက်ရှိကြောင်း သိရသည်။

အလုပ်အကိုင်ရရှိခဲ့သည့် ဘွဲ့ရ ၁.၀၅ သန်းကို MOE မှ စစ်တမ်းကောက်ယူခဲ့ရာတွင် ၂၄ ရာခိုင်နှုန်းက ယင်းပလက်ဖောင်းမှတစ်ဆင့်  အလုပ်အကိုင်အချက်အလက် ရရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ 

အဆိုပါ ပလက်ဖောင်းတွင် ဘွဲ့ရများထံမှ အလုပ်အကိုင်လျှောက်ထားမှု သန်း ၃၀ ခန့် လက်ခံရရှိခဲ့သည်ဟု ဆိုသည်။ 

ယခုနှစ် ကောလိပ်ဘွဲ့ရ အရေအတွက်သည် ၈.၇၄ သန်းအထိ ရောက်ရှိဖွယ်ရှိကြောင်း ပညာရေးဝန်ကြီးဌာန အချက်အလက်များအရ သိရသည်။ (Xinhua)