ပေကျင်း၊ မေ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် အစိုးရက အိမ်ခြံမြေဝယ်ယူခွင့် ကန့်သတ်ချက်များကို ဆက်လက်ထားရှိနေသောကြောင့် မြို့ကြီးများရှိ အိမ်ခြံမြေဈေးနှုန်းများမှာ ဧပြီလအတွင်း တည်ငြိမ်နေကြောင်း မေလ ၁၆ ရက်တွင် ထုတ်ပြန်သော တရားဝင်အချက်အလက်များအရ သိရသည်။
ပြုံယမ်း ၊ မေ ၁၆ ရက်(ဆင်ဟွာ) ယခုရက်ပိုင်းများတွင် တောင်ကိုရီးယားနှင့်အမေရိကန်တို့က မြောက်ကိုရီးယားကို ဦးတည်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ အကြီးအကျယ်ပြုလုပ်နေရာ ထိပ်တိုက်ရန်စမှုသဘောများသက်ရောက်နေသည့် ဤလုပ်ရပ်များကြောင့် မေလ ၁၆ ရက်တွင် ကျင်းပမည့် တောင်-မြောက်ကိုရီးယားအဆင့်မြင့်တွေ့ဆုံဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်ရခြင်းဖြစ် ကြောင်း၊ အမေရိကန်အနေနှင့်လည်း ရက်သတ်မှတ်ပြီးသည့် မြောက်ကိုရီးယား-အမေရိကန်ထိပ်သီးဆွေးနွေးပွဲ၏အနာဂတ်အတွက် ထည့်သွင်းစဉ်းစားသုံးသပ်သင့်ကြောင်း မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီ(KCNA)...
လော့စ်အိန်ဂျလိစ်၊ မေ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ရှိ ရုံးအဆောက်အအုံတစ်ခုတွင် မေ ၁၅ ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ တစ်ဦးသေဆုံးပြီး အခြားလူ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
နယူးဒေလီ ၊ မေ ၁၆ ရက် (ဆင်ဟွာ) အိန္ဒိယ နိုင်ငံ Uttar Pradesh ပြည်နယ် တွင် တည်ဆောက်နေသည့် တံတား တစ်စင်း က မေလ ၁၅ ရက်နေ့ ၌ ပြိုကျမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း အနည်းဆုံး ၁၆...
ဂျကာတာ ၊ မေ ၁၆ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း ပါပူဝါပြည်နယ်၌ ယနေ့(မေလ ၁၆ ရက်)တွင် ပြင်းအား ၆.၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အင်ဒိုနီးရှားမိုးလေဝသ နှင့် ဘူမိရူပအေဂျင်စီက ဆိုသည်။