Connect with us

Videos

နေ့စဉ် nucleic acid  နမူနာပေါင်း တစ်သောင်းကျော်ကိုစစ်ဆေးပေးနိုင်မည့် ရွေ့လျားဓါတ်ခွဲခန်း

ပေကျင်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

လေအိတ်ခန်း ခန်းတွဲ ပါဝင်သည့်  nucleic acid စစ်ဆေးရေး ဓါတ်ခွဲခန်း ခုကို ပေကျင်းမြို့ရှိ အားကစားခန်းမတစ်ခုအတွင်း၌ ဇွန် ၂၁ ရက်မှစတင်ကာ   ရက်အတွင်း အပြီးတပ်ဆင်ခဲ့သည်။၎င်းရွေ့လျားဓါတ်ခွဲခန်းကို အလျင်မြန်ဆုံး တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ပြီး သယ်ယူပို့ဆောင်မှု ဝန်ထုတ်ဝန်ပိုးအနည်းဆုံး နှင့်  စစ်ဆေးမှု အများဆုံး ပြုလုပ်နိုင်သော အားသာချက်များရှိသည့် ဓာတ်ခွဲခန်းဖြစ်သည်။

 

ယာယီရွေ့လျားဓါတ်ခွဲခန်းတစ်ခုချင်းစီတွင် မိနစ် ၈၀ အတွင်း RNA နမူနာပေါင်း ၁၉၂ ခုအထိ ပြီးစီးအောင်ထုတ်ယူနိုင်သည်။ဆန်းကျန့်မြို့ အခြေစိုက် တရုတ်ဇီဝနည်းပညာ ကုမ္ပဏီ BGI Genomics မြောက်ပိုင်းခရိုင် တာဝန်ခံချုပ် Liu Xin ကဒီ ဓါတ်ခွဲခန်း ဟာ ရုတ်ချည်းတုံ့ပြန်ပြီး ရုတ်ချည်းတည်ဆောက်ခဲ့တဲ့ လေအိတ်ခန်းများပါဝင်တဲ့ ဓါတ်ခွဲခန်းဖြစ်ပါတယ်၊ ဓါတ်ခွဲခန်းတစ်ခုလုံးရဲ့ လုပ်ဆောင်ချက်တွေနဲ့ ဒီဇိုင်းပုံစံတွေဟာဆိုရင် ပုံမှန်ဓါတ်ခွဲခန်းများမှာပါဝင်တဲ့အတိုင်းဖန်တီးတည်ဆောက်ထားတာဖြစ်ပြီး  သူ့ရဲ့ထူးခြားချက်ကတော့ စစ်ဆေးမှုတွေအတွက် အမြန်ဆုံးဖန်တီးတည်ဆောက်ပေးထားတဲ့ ဓါတ်ခွဲခန်းတစ်ခုဖြစ်နေခြင်းပါပဲ Nucleic acid ကို တရုတ်ပြည်တွင်းထုတ် ကိရိယာတွေရဲ့ အကူအညီနဲ့ အလိုအလျောက်ထုတ်ယူနိုင်မှာဖြစ်ပါတယ် နမူနာတွေကို အမြန်ဆုံး နဲ့ အများဆုံးထုတ်ယူရရှိနိုင်အောင်ဖန်တီးထားပါတယ် ဓါတ်ခွဲခန်းတစ်ခုလုံးမှာ စံချိန်စံညွှန်းတွေနဲ့ ပြည့်စုံအောင်တည်ဆောက်ထားပါတယ်၊ ဒီဓါတ်ခွဲခန်းကနေ နေ့စဉ် နမူနာပေါင်းတစ်သောင်းကျော်ကိုစစ်ဆေးစမ်းသပ်နိုင်တော့မှာဖြစ်ပါတယ် ဟုဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.