ပေကျင်း၊မေ ၈ ရက်(ဆင်ဟွာ) တရုတ် လာအိုရထားလမ်း သည် ၄၁၄.၃၃၂ ကီလိုမီတာအရှည်ရှိပြီး ရထားလမ်း၏ ၆၂.၇ ရာခိုင်နှုန်းခန့်မှာ တောင်တန်းများ မြစ်ချောင်းများကိုဖြတ်သန်းကာဖောက်လုပ်ရခြင်းဖြစ်သည်။ အဆိုပါရထားလမ်းကို တရုတ်ရထားလမ်းဖောက်လုပ်ရေးကုမ္ပဏီက ဖောက်လုပ်ခြင်းဖြစ်ပြီး ၎င်းမှာ နိုင်ငံခြားတိုင်းပြည်တစ်ခုနှင့်ပထမဆုံးချိတ်ဆက်ဖောက်လုပ်သည့်ရထားလမ်းလည်းဖြစ်သည်။ ၎င်းရထားလမ်းမှာ လာအိုနိုင်ငံ၏ အရှည်ဆုံးနှင့်အမြန်ဆုံးရထားလမ်းဖြစ်လာမည်ဖြစ်ပြီး တစ်နာရီလျင် ၁၆ဝ ကီလိုမီတာအထိပြေးဆွဲနိုင်မည်ဖြစ်သည်။ အဆိုပါရထားလမ်းကို ၂ဝ၁၆...
ချင်းတောင်၊ မေ ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းရှန်တုံပြည်နယ် ချင်းတောင်တွင် လာမည့် ဇွန်လ၌ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း (SCO) ထိပ်သီးခေါင်းဆောင်များက အစည်းအဝေးကျင်းပတော့မည်ဖြစ်သည်။ ထို SCO ထိပ်သီးအစည်းအဝေးကျင်းပမည့် ချင်းတောင်မြို့၏ လှပသည့်ရှုမျှော်ခင်းမြင်ကွင်းများနှင့် ချင်းတောင်မြို့၏ ဖွံ့ဖြိုးတိုးတက်မှုများကိုအောက်ပါ video ထဲတွင်ရှုစားနိုင်ပါသည်။(Xinhua)
နယူးယောက် ၊ မေလ ၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ရှေ့နေချုပ် Eric Schneidermanကို အမျိုးသမီး ၄ ဦး က လိင်ပိုင်းဆိုင်ရာ ထိပါးကျူးလွန်မှုများရှိသည်ဟု စွပ်စွဲခဲ့ရာ ၎င်းက မေလ ၇ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။
နယူးဒေလီ၊ မေ ၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံပိုင် ရထားဝန်ထမ်းများအဖွဲ့သည် လစာပိုမိုရရှိရန် နှင့် အစိုးရက နိုင်ငံတော်ပို့ဆောင်ရေးလုပ်ငန်း အား ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲရန် ကြိုးပမ်းမှုတစ်ခုကို ဆန့်ကျင်သည့် အနေဖြင့် မေ ၈ရက်မှ စ၍ ၃ရက်ကြာ အစာငတ်ခံဆန္ဒပြသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် အိမ်၊ခြံ၊မြေ၊တိုက်ခန်းစံနှုန်းများအားယခုနှစ်မေလအတွင်း စိစစ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ပြန်လည်ပြင်ဆင်သွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။