ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) မြန်မာကလပ်အသင်းများ ယှဉ်ပြိုင်နေသည့် ၂၀၂၀ ရာသီ AFC Cup (အေအက်ဖ်စီဖလား) ပြိုင်ပွဲ ကို COVID-19ကြောင့် ဧပြီလကုန်အထိ ရွှေ့ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် က တာဝန်ရှိသူတစ်ဦး က ဆင်ဟွာ သို့ မတ် ၂၃ ရက်တွင်ပြောသည်။
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၌ အင်းမြေပြိုကျပိမိ၍ လူ၂ ဦး သေဆုံးပြီး ၂ ဦး စိုးရိမ်ဒဏ်ရာရရှိမှုများဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က မတ် ၂၃ ရက်တွင် ထုတ်ပြန်သည်။
ဇာဂရက်ဘ်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ခရိုအေးရှားနိုင်ငံ မြို့တော် ဇာဂရက်ဘ်တွင် မတ် ၂၂ ရက် ဒေသစံတော်ချိန် နံနက် ၀၆:၂၄ နာရီက အင်အား ၅.၃ ပမာဏရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း ဥရောပ မြေထဲပင်လယ်ဒေသဆိုင်ရာ ငလျင်စင်တာအရ သိရသည်။
ဘာလင်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာမာကဲသည် COVID-19 ရောဂါပိုးကူးစက်ခံထားရသော ဆရာဝန်တစ်ဦးနှင့် မတ် ၂၀ ရက်က တွေ့ဆုံခဲ့ပြီးနောက် ၎င်းကိုယ်တိုင် တစ်ကိုယ်ရေသီးခြားနေထိုင်လျက်ရှိကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် စတက်ဖန် စိုင်းဘတ် (Steffen Seibert) က မတ် ၂၂ ရက်တွင်...
ပေကျင်း၊ မတ် ၂၃ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၏COVID-19 ရောဂါတိုက်ဖျက်ရေးကို ကူညီဆောင်ရွက်ရန်အတွက် တရုတ်နိုင်ငံအစိုးရက ကပ်ရောဂါတိုက်ဖျက်ရေး ပညာရှင်အဖွဲ့ကို စေလွှတ်ရန် ဆုံးဖြတ်လိုက်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ်က မတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်။