Connect with us

VIDEO

ဗင်နီဇွဲလားတွင် COVID-19 လူနာများကို ကုသရန် recycle ပစ္စည်းများဖြင့် အသက်ရှူစက်များ ပြုလုပ်

ကရာကတ်စ်၊ ဇွန် ၄ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ မာရီရန်ဒါမြို့ရှိ ဗင်နီဇွဲလား သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ  သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့သည် COVID-19 လူနာများကို ကုသရာတွင် လိုအပ်သည့် အသက်ရှူစက်များကို recycle စွန့်ပစ် ပစ္စည်းများဖြင့် ဖန်တီး ပြုလုပ်ခဲ့သည်။

မာရီရန်ဒါမြို့တော်ဝန် ဟက်တာရိုဒရီဂတ်စ် (Hector Rodrigues) က  “ ကပ်ရောဂါ ကာလမှာ ဆေးဝါးအထောက်အပံ့ပစ္စည်းတွေ အပြင် non invasive ventilator အမျိုးအစား အသက်ရှူစက်တွေလည်း လိုအပ်နေတာကြောင့် ဗင်နီဇွဲလားသုတေသီတွေ သိပ္ပံပညာရှင်တွေက ဗင်နီဇွဲလားဆေးဝါးထုတ်လုပ်ရေးကဏ္ဍမှာ အတူတကွ သုတေသနပြုလုပ်ခဲ့ကြပြီးအခုလိုထုတ်လုပ်နိုင်ခဲ့ကြတာပါ။ သူတို့ဟာ အသက်ရှူစက်အမျိုးအစား နမူနာ ၃ မျိုးကို ဗင်နီဇွဲလားနိုင်ငံအတွက် မိတ်ဆက်ထုတ်လုပ်ပြသနိုင်ခဲ့ပါပြီ” ဟုဆိုသည်။

ထိုအသက်ရှူစက်များသည် ထိရောက်မှုရှိပြီး ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသည်။ ထို့အပြင် ပြည်တွင်း၌သာ အလွယ်တကူ ဝယ်ယူရရှိနိုင်သည့်ပစ္စည်းများကိုအသုံးပြုထားသောကြောင့် တွင်ကျယ်စွာထုတ်လုပ်နိုင်မည်ဖြစ်သည့်အပြင် အခြား ဈေးကွက်ဝင်အသက်ရှူစက်များထက်လည်း ဈေးနှူန်းအားဖြင့် သင့်တင်မျှတကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.