ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်၊ စမ်းချောင်းတောင်ရပ်ကွက်၊ နန္ဒဝန်လမ်းတွင် ယနေ့ ည ၈နာရီ ၅၅မိနစ်၌ (၄)ထပ်တိုက်ပြိုကျမှုကြောင့် ပိတ်မိနေသူ(၃)ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ယင်းတိုက်ပြိုကျမှုကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်ရေးဆောင်ရွက်နေသော မီးတတ်အရာရှိတစ်ဦးက ဆင်ဟွာသို့ပြောသည်။
ဝါရှင်တန်၊ မေ ၃၀ ရက် (ဆင်ဟွာ) ရော်ဂျာ ဖက်ဒရာ (Roger Federer) သည် အခွန်မပေးဆောင်မီ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၆.၃ သန်းဖြင့် Forbes ၏ ၂၀၂၀ ပြည့်နှစ် ဝင်ငွေအများဆုံး အားကစားသမားများစာရင်း ထိပ်ဆုံး၌ ရပ်တည်ခဲ့ကြောင်း သိရသည်။
မန္တလေး၊ မေ ၃၀ ရက် (ဆင်ဟွာ) ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) တွင် COVID-19ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများ ကို ဇွန်လ (၁) ရက်၌ စတင်စစ်ဆေးပေးတော့မည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကုသရေး ဦးစီး ဌာန၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန...