Connect with us

MYANMAR

မြန်မာနိုင်ငံတွင် ပြည်ပက ပြန်လာသူ ၇ဦးထံမှ COVID-19 ရောဂါတွေ့ရှိ၊ရောဂါ အတည်ပြုလူနာ (၃၁၃) ဦးထိရှိ

COVID-19 ရောဂါ ကာကွယ်ရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ပြည်ပက ပြန်လာသူ ၇ဦးထံမှ COVID-19 ရောဂါပိုးတွေ့ရှိပြီး ရောဂါ အတည်ပြုလူနာ (၃၁၃) ဦးထိရှိလာကြောင်း ယနေ့ ညပိုင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ရောဂါပိုးတွေ့ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး လှိုင်၊ သင်္ဃန်းကျွန်း၊ အင်းစိန် | တိုက်ကြီးနှင့် တောင်ဥက္ကလာပမြို့နယ်များတွင်နေထိုင်သူများဖြစ်ပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊လာအို၊ စင်ကာပူ၊ ထိုင်းနိုင်ငံတို့မှ ပြန်လာသူများဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲနမူနာ ၁,၅၉၉ ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ  အဆိုပါ ၇ဦးတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၃) ဦး (Case- 222, 289 နှင့် 290) ရှိသဖြင့် ယနေ့အထိ ရောဂါပိုးကင်းစင် လာသူစုစုပေါင်း (၂၄၀) ဦးရှိကြောင်း၊ ၎င်းတို့အနက် (၂၂၆)ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိကြောင်း သိရသည်။  (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117