Connect with us

Science & Technology

တရုတ်နိုင်ငံ၏ အဓိက အင်တာနက်လုပ်ငန်းကြီးများ အမြတ်ငွေ ပိုမိုရရှိခဲ့

တရုတ်နိုင်ငံ အရှေ့ပိုင်း Zhejiang ပြည်နယ်၌ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၆ ရက်က ကျင်းပခဲ့သည့် ၅ ကြိမ်မြောက်ကမ္ဘာ့အင်တာနက် ညီလာခံတွင် ခင်းကျင်းပြသထားသော IT ပစ္စည်းများကို ပြည်သူများလေ့လာနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုများ ဖြစ်ပွားနေလင့်ကစား နိုင်ငံ၏ အင်တာနက် နှင့် ဆက်စပ်ဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် ယခုနှစ် ပထမ ငါးလတွင် အမြတ်ငွေရရှိမှုကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း တရားဝင် အချက်အလက်များအရ သိရသည်။

ယခုနှစ် ဇန်နဝါရီလ မှ မေလ အတွင်း တရုတ်နိုင်ငံ၏ အဓိက အင်တာနက်ကုမ္ပဏီကြီးများသည် တရုတ်ယွမ် ၄၇၁.၉ ဘီလီယံ( အမေရိကန်ဒေါ်လာ ၆၆.၈ ဘီလီယံ) ဝင်ငွေရရှိခဲ့ရာ နှစ်စဉ်တိုးတက်မှုပမာဏ ၁၄.၉ ရာခိုင်နှုန်းရှိခဲ့ပြီး ယခင်နှစ် ဇန်နဝါရီလ မှ ဧပြီလ အတွင်း အလားတူကာလဖြင့်နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း တရုတ်နိုင်ငံစက်မှု နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန(MIIT) ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ် ပထမ ငါးလအတွင်း တရုတ်နိုင်ငံ၏ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း အမြတ်ငွေသည် ၅၃.၃ ဘီလီယံရှိခဲ့ရာ ၃.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။ တစ်ချိန်တည်းမှာပင် အင်တာနက်နှင့်ဆက်စပ်လုပ်ငန်းများ၏ သုတေသန နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အသုံးပြုငွေသည် ၂၃.၇ ဘီလီယံထိ ရှိခဲ့ရာ ယခင်နှစ်အလားတူကာလထက် ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်။

အင်တာနက် နည်းပညာနယ်ပယ်သည် တရုတ်နိုင်ငံ၏ “ စီးပွားရေးကဏ္ဍသစ်” တွင် အဓိကနေရာသို့ ရောက်ရှိလာခဲ့ပြီးဖြစ်ရာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် နည်းပညာအသုံးချမှုပေါ်တွင် ပို၍ တည်မှီသည့် အရွေ့တစ်ခုဖြစ်လာကြောင်း သိရသည်။MIIT အနေဖြင့်  ပြီးခဲ့သောနှစ်တွင် အင်တာနက် ဝန်ဆောင်မှုမှတဆင့် နှစ်စဉ် အမြတ်ငွေ တရုတ်ယွမ် ၅ သန်းကျော် ရရှိခဲ့သော လုပ်ငန်းများအား စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua) 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117