ပေကျင်း ၊ မေ ၂၅ ရက်(ဆင်ဟွာ) ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) နှင့်ပတ်သက်၍ အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းရန် ဆုံးဖြတ်ချက်မူကြမ်းတစ်ခုကို တရုတ်နိုင်ငံ ဥပဒေပြုအမတ်များက လုပ်ဆောင်နေစဉ်အတွင်း မိုက်ပွန်ပီယို နှင့် နန်စီပလိုစီကဲ့သို့သော အချို့သော ပြည်ပနိုင်ငံရေးသမားများသည် ဝင်ရောက်စွက်ဖက်မှု ပြုလုပ်ရန် မစောင့်ဆိုင်းနိုင်အောင် ဖြစ်နေကြသည်။
ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ) ၂၀၂၀ပြည့်နှစ်တွင် မြစ်ဝကျွန်းပေါ်ဒေသတွင် မုတ်သုံအဝင်နောက်ကျခဲ့သည့်အတွက် မိုးကြိုကာလတွင် ရာသီဥတုပေါ်မူတည်၍ ရေလိုအပ်မှုနည်းသည့် သီးနှံများ ကို တောင်သူများ အနေဖြင့် စိုက်ပျိုးသင့်ကြောင်း၊ နည်းပညာအခက်ခဲရှိပါက စိုက်ပျိုးရေးဦးစီးဌာန သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာရဲတင့်ထွန်းက ဆင်ဟွာသို့ မေ...
ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ယနေ့ (မေ ၂၅ရက်)မှစတင်ပြီး နိုင်ငံတော် ဘဏ္ဍာဆုံးရှုံးမှုမရှိစေရန်နှင့် တရားမဝင် ကုန်စည်များတင်ပို့မှု ထိရောက်စွာအရေးယူ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး နိုင်ငံခြားအရက်များကို တရားဝင် တင်သွင်းခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဆင်ဟွာသို့ ပြောကြားသည်။
ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် ဟိုတင့်ကျေးရွာအနီး၌ မေ ၂၄ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်က ၁၂ ဘီးယာဉ်တစ်စီးပေါ်မှ ICE ၁,၆၁၅ ကီလိုဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဂျကာတာ ၊ မေ ၂၅ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့နေခြင်းကြောင့် ယခုနှစ် အိဒ်ပွဲတော်တွင် ဝတ်ပြုဆုတောင်းသူ အလွန်နည်းပါးခဲ့ကြောင်း သိရသည်။