ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အန္တရာယ်ရှိ အဆောက်အအုံများသည် မူလနေထိုင်သူနှင့် ဘေးပတ်ဝန်းကျင်အား အန္တရာယ်ကျရောက်နိုင်မည့် အခြေအနေ ဖြစ်ပေါ်ပါက မြေရှင်ရှိသည့် အဆောက်အအုံဖြစ်လျှင် မြေရှင်ကို ဖျက်သိမ်းဆောင်ရွက်စေပြီး မြေရှင်မရှိသည့် အဆောက်အအုံဖြစ်လျှင် ကော်မတီ၏အစီအစဉ်ဖြင့် အဆောက်အအုံဟောင်းအား ဖျက်သိမ်းကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
ပေကျင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် လျူဟဲသည် အမေရိကန်နိုင်ငံ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၁၀ ရက်မှ ၁၁ ရက်အထိ တရုတ်-အမေရိကန် အဆင့်မြင့် စီးပွားရေးနှင့် ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှုအသစ်အတွက် ဝါရှင်တန်သို့သွားရောက်မည့် တရုတ်ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးရထားသံလမ်းများကို ဖြတ်သန်းသွားလာသည့် ကားလမ်းပိုင်းများ ပျက်စီးယိုယွင်းမှု ပြင်ဆင်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသလျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
ပေကျင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် ဘူလ်ဂေးရီးယားနိုင်ငံ၊ ရိုမေးနီးယားနိုင်ငံ၊ ချက်သမ္မတနိုင်ငံ၊ ဆလိုဗက်ကီးယားနိုင်ငံ၊ ဟန်ဂေရီနိုင်ငံနှင့် ပိုလန်နိုင်ငံတို့ထံ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးတည်ထောင်ခြင်း နှစ် ၇၀ ပြည့်အတွက် အောက်တိုဘာလ ၄ ရက်မှ ၇ ရက်အထိ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများ အသီးသီးပေးပို့ခဲ့ကြောင်း သိရသည်။
ရှန်ဟိုင်း၊အောက်တိုဘာ၈ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအမျိုးသားနေ့ အထိမ်းအမှတ်ပွဲတော်ကာလအတွင်း ရှန်ဟိုင်းမြို့၌ ကုန်ပစ္စည်း ဝယ်ယူသုံးစွဲမှုပမာဏသည် တရုတ်ယွမ်ငွေ ၂၅ဒသမ၃ ဘီလီယံ( အမေရိကန်ဒေါ်လာ ၃ဒသမ၅ ဘီလီယံကျော်) ထိရှိခဲ့ကြောင်း ၊ ယခင်နှစ်အလားတူကာလထက် ၁၀ဒသမ၂ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ကြောင်း ရှန်ဟိုင်းမြို့တော်မြူနီစပယ်ကော်မရှင်၏ စီးပွားရေးညွှန်းကိန်းများအရ သိရသည်။