လန်ဒန်၊ မတ် ၁၄ ရက် (ဆင်ဟွာ) နာမည်ကျော် ရူပဗေဒပညာရှင် စတီဗင် ဟော့ကင်း (Stephen Hawking) သည် အသက် ၇၆ နှစ်အရွယ်တွင် ၎င်း၏ နေအိမ်၌ ကွယ်လွန်သွားကြောင်း မိသားစု၏ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက မတ်လ ၁၄ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ မတ် ၁၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေစဉ် သစ် ၁၅၅တန် ပိုင်ရှင်မဲ့ သိမ်းဆည်းရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း ၊ မတ် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဥပဒေပြုရေးအဖွဲ့ဝင်များက ကျင်းပဆဲ အမျိုးသားဥပဒေပြုရေး အစည်းအဝေးတွင် အစိုးရအဖွဲ့ဝင်များ( သို့မဟုတ်) နိုင်ငံတော်ကောင်စီအဖွဲ့ဝင် များ ပြောင်းလဲခြင်းဆိုင်ရာ အစီအစဉ်တစ်ခု နှင့် ဥပဒေကြမ်းတစ်ခု ရေးဆွဲရေး နှင့်ပတ်သက်၍ မတ်လ ၁၃ ရက်တွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝါရှင်တန်၊ မတ် ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ရက်စ်တေလာဆန် (Rex Tillerson)အား ရာထူးမှ ဖယ်ရှားပြီး ယင်းရာထူးအတွက် CIA ထောက်လှမ်းရေး အဖွဲ့ညွှန်ကြားရေးမှူး Mike Pompeo ဖြင့်အစားထိုး ခန့် အပ်သွားမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၁၃...
မော်စကို၊ မတ် ၁၃ ရက်(ဆင်ဟွာ) မတ်လ ၁၁ ရက်နေ့က ရုရှား လေတပ်က အသံထက်ဆယ်ဆမြန်သောဒုံးကျည်ကို ရုရှားနိုင်ငံတောင်ပိုင်းလေကြောင်းပိုင်နက်တွင် အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဋ္ဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ထိုဒုံးကျည်ကို Kinzhal ဟု အမည်ပေးထားပြီးတိုက်လေယာဉ်မှပစ်လွှတ်စမ်းသပ်ခဲ့ကာ အသံထက် ၁ဝ ဆ ပိုမြန်ကာ အကွာအဝေး ၂ဝဝဝ ကီလိုမီတာ(မိုင် ၁၂ဝဝ)...