Connect with us

Politics, Law & Military

တရုတ် နိုင်ငံ က အမေရိကန် နိုင်ငံ ၏ Lockheed Martin စစ်လက်နက် ကုမ္ပဏီ အား အရေးယူ ပိတ်ဆို့မှု ဆောင်ရွက်ရန် ဆုံးဖြတ် 

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျင်း အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျင်း က ဇူလိုင် ၁၄ ရက် ၌ ကျင်းပပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံမှ ထိုင်ဝမ် သို့ စစ်လက်နက်ရောင်းချခဲ့သည့် Lockheed Martin ကုမ္ပဏီ အား အရေးယူမှု ဆောင်ရွက်သွားရန် ဆုံးဖြတ်လိုက်ကြောင်း ပြောကြား ခဲ့သည်။

ကျောက်လိကျင်း က တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ မှ ထိုင်ဝမ် အား စစ်လက်နက် ရောင်းချခြင်း ကို ခိုင်မြဲစွာ ကန့်ကွက် ခဲ့ပြီး အမေရိကန်အနေဖြင့်  တရုတ်တစ်နိုင်ငံတည်း မူဝါဒ နှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ချက် အား တိကျစွာ လိုက်နာသွားရန် တိုက်တွန်းလိုကြောင်း ၊ ထိုင်ဝမ်အား စစ်လက်နက် ရောင်းချခြင်းအား ရပ်တန့်ရန် နှင့် စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေး အား ရပ်တန့်သွားစေလိုကြောင်း ၊ သို့မဟုတ်ပါက တရုတ်-အမေရိကန် ဆက်ဆံရေး နှင့် ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းရေးပိုမို ပျက်ပြားနိုင်ခြင်းကို ရှောင်ရှားရန် အတွက် ယခုကဲ့သို့ အပြုအမူ ကို ရှောင်ရှားရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ကျောက်လိကျင်း က နိုင်ငံတော် အချုပ်အခြာအာဏာ တည်တံခိုင်မြဲရေး အတွင် တရုတ် နိုင်ငံ အနေဖြင့် လိုအပ်သော ဆောင်ရွက်မှုများကို ပြုလုပ်သွားမည် ဖြစ်ပြီး စစ်လက်နက်ရောင်းချပေးသည့် ကုမ္ပဏီ အပေါ် ပိတ်ဆို့အရေးယူမှုများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.