Connect with us

WORLD

အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက် ခံရသူပေါင်း ၃.၄ သန်းကျော် အထိ ရှိလာ

အမေရိကန် နိုင်ငံ နယူးယောက်မြို့တွင် ကုန်ပစ္စည်းဝယ်ရန် တန်းစီနေကြသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ Johns Hopkins တက္ကသိုလ် ၏ ထုတ်ပြန်ချက်အရ လက်ရှိတွင် အမေရိကန် နိုင်ငံ ၌ COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၃.၄ သန်း အထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

တစ်ကမ္ဘာလုံး၌ COVID-19 ကူးစက်ခံရသူ စုစုပေါင်း၁၃,၂၅၈,၀၁၆ ဦး အထိ ရောက်ရှိလာခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၅၇၆,၇၅၂ ဦး အထိ ရောက်ခဲ့ကြောင်း Johns Hopkins တက္ကသိုလ် ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။လက်ရှိချိန် တွင် ကပ်ရောဂါ အဆိုးရွားဆုံးဖြစ်ပွားနေသည့်နိုင်ငံမှာ အမေရိကန် နိုင်ငံ ဖြစ်ပြီး ကူးစက်ခံရသူ စုစုပေါင်း ၃,၄၁၆,၂၂၂ ဦး အထိ ရှိကြောင်း နှင့် သေဆုံးသူ  ၁၃၆,၃၁၉ ဦး ရှိကြောင်း သိရသည်။  (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117