ဝါရှင်တန် ၊ မေ ၁၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ဇွန်လတွင်ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးတွင် ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်နှင့်တွေ့ဆုံသွားမည်ဖြစ်ကြောင်း မေ ၁၃ ရက်တွင်ပြောကြားခဲ့သည်။
ပါရီ ၊ မေ ၁၄ ရက်(ဆင်ဟွာ) ၂ဝ၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော ပြင်သစ်အသင်းမှ ကစားသမား ၂၃ ဦးကို ဇွန်လ ၄ ရက်တွင် Elysee နန်းတော်၌ ဂုဏ်ထူးဆောင်ဆုတံဆိပ်(Legion of Honor) ပေးအပ်သွားမည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံ အားကစားသတင်းစာ L’Equipe က...
ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာ ယာဉ်ပေါ်တွင် လိုက်ပါလာသူများအနက် လူ ၄ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်နာကျင်ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ကျပ် သိန်း၆၀၀၀တန်ဖိုးရှိ ကတ်တမင်းများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ မေ ၁၃ ရက်(ဆင်ဟွာ) ပြည်ထောင်စု အစိုးရ၏ တတိယ တစ်နှစ်တာ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာနနှင့် စက်မှုဝန်ကြီးဌာနတို့၏ သတင်းစာရှင်းပွဲများကို ပြန်ကြားရေး ဝန်ကြီးဌာနတွင် ယနေ့ ဆက်လက် ကျင်းပခဲ့သည်။