Connect with us

Environment, Disasters & Accidents

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ၏ အရှေ့မြောက်ဘက် ၅ မိုင်ခန့် အကွာတွင် အင်အားရစ်(ခ်)တာစကေး (၅.ဝ) အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခုလှုပ်ရှား

ငလျင် လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ-- မိုးဇလ)

ရန်ကုန်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ) 

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ၏ အရှေ့မြောက်ဘက် ၅ မိုင်ခန့် အကွာတွင် ယနေ့ညနေက အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.ဝ) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း၊ ပျက်ဆီးဆုံးရှုံးမှုစာရင်းအားစုံစမ်းနေဆဲဖြစ်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြေငလျင်သတင်းထုတ်ပြန်ရေးဌာန လက်ထောက်အင်ဂျင်နီယာ ဦးထွန်းမင်းဦး ဆင်ဟွာသို့ ဇွန် ၁၆ ရက်တွင်ပြောသည်။

ဦးထွန်းမင်းဦးက “ဒီငလျင်ကို ရခိုင်ပြည်နယ် သံတွဲမြို့နဲ့ တောင်ကုတ်မြို့တွေလှုပ်ရှားမှု ကိုသိရှိကြပါတယ်။ ပျက်စီးဆုံးရှုံးမှု က သက်ဆိုင်စုံစမ်းဆဲ အနေအထားပဲ ရှိပါသေးတယ်။ လူနေထိုင်တဲ့ ပတ်ဝန်းကျင်မှာလှုပ်ရှားတာ။ အခုလှုပ်ရှားတဲ့ ငလျင်က  စစ်ကိုင်းပြတ်ရွေ့နဲ့ လှုပ်ရှားတာဖြစ်ပါတယ်’’ ဟုပြောသည်။

အဆိုပါငလျင်သည် ၂၀၂၀ ပြည့်နှစ်၊ ဇွန် (၁၆)ရက်၊ မြန်မာစံတော်ချိန် (၁၇)နာရီ၊ (၄၅)မိနစ်၊ (၅၀)စက္ကန့် အချိန်တွင် ဂွမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၉၁)ရခိုင်ပြည်နယ်  တောင်ကုတ်မြို့၏ အရှေ့မြောက်ဘက် (၅)မိုင်ခန့်အကွာမြောက်လတ္တီတွဒ် (၁၈.၉၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၂၉)ဒီဂရီ တွင်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ 

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၁၄)ရက် မြန်မာစံတော်ချိန် (၁၂) နာရီ၊ (၀၅) မိနစ်၊ (၃၁)စက္ကန့်အချိန် တွင်လည်း ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၄၆)မိုင် ခန့်ကွာဝေးသော ကလေးမြို့၏ အနောက်-အနောက်မြောက်ဘက်(၁၂)မိုင်ခန့်အကွာ တွင် အနက်(၃၈)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.ဝ)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့သေးကြောင်း သိရသည်။  (Xinhua)