Connect with us

WORLD

ကမ္ဘာတစ်ဝန်း COVID-19ရောဂါဖြစ်ပွားသူ စုစုပေါင်း ၈ သန်းကျော် ရှိလာ

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ပန်းခြံတစ်ခု၏မြင်ကွင်းအား ဇွန် ၁၆ ရက်က တွေ့စဉ်(ဆင်ဟွာ)

နယူးယောက်၊ ဇွန် ၁၆ ရက်(ဆင်ဟွာ)

န် ၁၅ ရက် အမေရိကန်နိုင်ငံ အရှေ့ပိုင်း စံတော်ချိန် (EST) ၁၈ နာရီ ၄၅ မိနစ်အထိ တစ်ကမ္ဘာလုံးတွင် COVID-19 ရောဂါဖြစ်ပွားသူ စုစုပေါင်း ၈,၀၀၃,၀၂၁ ဦးရှိပြီး သေဆုံးသူ ၄၃၅,၆၁၉ ဦး ရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ယင်းနေ့ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်များအရ သိရသည်။ 

ရောဂါဖြစ်ပွားမှုအခြေအနေအဆိုးဆုံးနိုင်ငံမှာ အမေရိကန်နိုင်ငံဖြစ်ပြီး အတည်ပြုလူနာ စုစုပေါင်း ၂,၁၁၀,၇၉၁ ဦး နှင့် သေဆုံးသူ ၁၁၆,၀၉၀ ဦးရှိကြောင်းသိရသည်။  COVID-19 ရောဂါဖြစ်ပွားသူ ဦးရေ ၂ သိန်းကျော်သည့် နိုင်ငံများမှာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ ဗြိတိန်၊ စပိန်၊ အီတလီနှင့် ပီရူးနိုင်ငံတို့ပါဝင်ကြောင်း သိရသည်။ အဆိုပါကိန်းဂဏန်းများသည် ဂျွန်ဟော့ကင်းတက္ကသိုလ် နိုဗယ်ကိုရိုနာဗိုင်းရပ်သုတေသန စီမံကိန်းမှ နိုင်ငံအသီးသီးနှင့်ဒေသများ ကိန်းဂဏန်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စုစည်းထားခြင်း ဖြစ်သည်။ (Xinhua)