ဘန်ကောက် ၊ စက်တင်ဘာ ၁၂ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်စီမံခန့်ခွဲမှုအဖွဲ့(BMA) က ယာဉ်ကြောပိတ်ဆို့မှု နှင့် လေထုညစ်ညမ်းမှု လျော့ချရေး နှင့် စွမ်းအင်ချွေတာရေးအတွက် လာမည့် စက်တင်ဘာ ၂၂ ရက်ကို ဘန်ကောက်မြို့၏ ကားအသုံးမပြုရေးနေ့အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အာဖဂန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန် မြောက်ပိုင်း Takhar ပြည်နယ်တွင် စက်တင်ဘာ ၁၀ ရက် ညပိုင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် တာလီဘန် စစ်သွေးကြွ ၃၀ ဦး သေဆုံးခဲ့ကြောင်း ဒေသခံသတင်းအရင်း အမြစ်များက ယနေ့ ပြောကြားသည်။
တီဟီရန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) အီရန်နိုင်ငံမှ ရေနံတင်သွင်းခြင်း အပေါ် အမေရိကန်နိုင်ငံ ၏ တားမြစ်ခြင်းအား ဆန့်ကျင်ရန် အီရန်နိုင်ငံမှ အိန္ဒိယနိုင်ငံအား တိုက်တွန်းခဲ့ကြောင်း Press TV က စက်တင်ဘာ ၁၀ ရက်တွင် ထုတ်လွှင့်ခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် သုံးဆယ်ချောင်းအတွင်း ချောင်းရေ မြင့်တက်ခဲ့ရာ ရပ်ကွက် ၇ ရပ်ကွက်သို့ ရေများဝင်ရောက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
ဆန်ဖရန်စစ္စကို၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ မြောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ်တွင် စက်တင်ဘာလ ၁၀ ရက်၌ Apple Inc. က iPhone 11 နှင့် iPhone 11 Pro, iPads, Apple Watch 5 Series နှင့်...