Connect with us

Politics, Law & Military

ဟောင်ကောင်တွင် တရုတ်နိုင်ငံ အမျိုးသားလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှုဥပဒေပြဌာန်းခြင်းအပေါ် နိုင်ငံပေါင်း ၅၂ နိုင်ငံက ကြိုဆို

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသခံများက ဇွန် ၃၀ ရက်တွင် အမျိုးသားလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှု ဥပဒေပြဌာန်းခြင်းအား ထောက်ခံကြိုဆိုသောအားဖြင့် တရုတ်နိုင်ငံတော်အလံ နှင့်ဟောင်ကောင်အလံများကို ဝှေ့ယမ်းနေကြစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ)

ဇွန် ၃၀ ရက်က ပြုလုပ်သော ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၄၄ ကြိမ်မြောက် အစည်းအဝေး၌ တရုတ်နိုင်ငံထိပ်တန်းဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များက ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင် အမျိုးသားလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှုဥပဒေ ပြဌာန်းခဲ့ခြင်းအပေါ် ကမ္ဘာ့နိုင်ငံပေါင်း ၅၂ နိုင်ငံကိုယ်စား ကျူးဘားနိုင်ငံက ကြိုဆိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါ ကြိုဆိုဂုဏ်ပြုကြောင်း ကျူးဘားနိုင်ငံမှ ဖတ်ကြားခဲ့သော ပူးတွဲကြေညာချက်တွင် ပါဝင် လက်မှတ်ရေးထိုးသောနိုင်ငံအရေးအတွက်မှာ ဆက်လက်မြင့်တက်လာဖွယ်ရှိကြောင်း မျှော်လင့်ထားသည်။ “ ကုလသမဂ္ဂပဋိညာဉ်ထဲမှာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်းမပြုဖို့ မဖြစ်မနေလိုအပ်တဲ့စည်းမျဉ်းစည်းကမ်းတစ်ခု ရှိပါတယ် ” ဟု ပူးတွဲကြေညာချက်ကို ဖတ်ကြားခဲ့သော ကျူးဘားနိုင်ငံကိုယ်စားလှယ်က ဆိုသည်။

“ ဘယ်နိုင်ငံမဆို အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဥပဒေပြဌာန်းခွင့်ဟာ အဲဒီနိုင်ငံမှာ ရှိပါတယ် ၊ အဲဒါက လူ့အခွင့်အရေး ကိစ္စရပ်တစ်ခုမဟုတ်ပါဘူး ၊ ဒါကြောင့် အဲဒီကိစ္စနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးကောင်စီမှာ ထည့်သွင်းဆွေးနွေးစရာ အကြောင်းမရှိပါဘူး” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

“ ကျွန်တော်တို့ယုံကြည်ထားတာက နိုင်ငံတိုင်းမှာ သူ့ရဲ့အမျိုးသားလုံခြုံရေးကို ထိန်းသိမ်းဖို့ ဥပဒေပြဌာန်းခွင့်ရှိပါတယ် ၊ အဲဒီရည်ရွယ်ချက်အတွက် ဆက်စပ်ခြေလှမ်းတွေကို လုပ်ဆောင်ခွင့်ရှိပါတယ်” ဟု ဆိုသည်။“အမျိုးသားလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်ဖို့ ရည်ရွယ်ချက်တွက် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) မှာ တရားဥပဒေစိုးမိုးရေးမူဘောင်တစ်ခုနဲ့ ဥပဒေစိုးမိုးရေးယန္တယားတစ်ခု တည်ဆောက်ဖို့ တရုတ်နိုင်ငံရဲ့ ဥပဒေပြဌာန်းမှု ဆုံးဖြတ်ချက်အပေါ် ကျွန်တော်တို့အနေနဲ့ ကြိုဆိုပါတယ် ၊ ဒါ့အပြင် တရုတ်နိုင်ငံဟာ တစ်နိုင်ငံ စနစ်နှစ်မျိုးကို ထပ်လောင်းအတည်ပြုခြင်းလည်းဖြစ်ပါတယ်” ဟုကြေညာချက်က ဆိုသည်။(Xinhua)