Connect with us

Videos

ဟောင်ကောင်အနေဖြင့် အမျိုးသားလုံခြုံရေးဥပဒေကို ပြဌာန်းပြီးပါက အင်အား တောင့်တင်း ခိုင်မာလာမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးကယ်ရီလမ်း ပြောကြား 

ဟောင်ကောင်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ) 

အမျိုးသားလုံခြုံရေးဥပဒေက “တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး” ကို အားလျော့စေမည်မဟုတ်ကြောင်း နှင့် ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် အမြင့်ဆုံးဒီဂရီဖြစ်ကြောင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး Carrie Lam က ယနေ့ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ၎င်းက  “ မိမိအနေနဲ့ တစ်နိုင်ငံ စနစ်နှစ်မျိုးမူဝါဒ ရဲ့ အနှစ်သာရ နဲ့ အမျိုးသားလုံခြုံရေးဥပဒေ အတည်ပြုပြဌာန်းမှုအပေါ်မှာ ဆက်လက်ပြီးတော့  ယုံကြည်မှု အပြည့်အဝရှိပါတယ် ၊ ဟောင်ကောင်အနေနဲ့ ပြီးခဲ့တဲ့ ဇွန်လကတည်းက ရိုက်ခတ်ခံနေရတဲ့ နိုင်ငံရေးမုန်တိုင်းကြီးကနေ ရုန်းထွက်နိုင်ပြီး ပိုမို အင်အားတောင့်တင်းလာမှာဖြစ်သလို တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်တော့မှာလည်းဖြစ်ပါတယ်” ဟု ဆိုသည်။ အုပ်ချုပ်ရေးမှူး Carrie Lam  က အမျိုးသားလုံခြုံရေးဥပဒေကို ၎င်းအနေဖြင့်ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။   (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.