ပေကျင်း၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာ ပညာရှင် ပူးပေါင်းဆောင်ရွက်မှုကော်မတီ တည်ထောင်မှု အခမ်းအနားကို ဧပြီ ၂၄ ရက်က ပေကျင်းမြို့တွင် ကျင်းပခဲ့ရာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၌ အဆောက်အဦ ဆောက်လုပ်ရန် တူးဖော်နေစဉ် ဗုံးသီးဟောင်း အလုံး ၉၀ အား တူးဖော် တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၇၇,၀၀၀ ပြား ဒေသ ကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၂၃၁၀ သိန်း အား ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ပေကျင်း ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံပေကျင်းမြို့၌ ဧပြီ ၂၅ ရက် မှ ၂၇ ရက်အထိ ကျင်းပမည့် ဒုတိယအကြိမ်မြောက် ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖိုရမ်တွင် မီဒီယာစင်တာထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဧပြီ ၂၂ ရက်ကနွံကန် ကျိုးပေါက်ခဲ့ရာ ယနေ့ ဧပြီ ၂၄ ရက်ထိ အလောင်း ၅လောင်း ရှာဖွေတွေ့ရှိထားပြီး ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ကိုင်နေကြောင်း ဖားကန့်မြို့နယ် ရဲစခန်းမှ တာဝန်မှူးက ဆင်ဟွာသို့ပြောကြားသည်။