Connect with us

VIDEO

တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် မြန်နှုန်းမြင့် ရထားလမ်းအပိုင်းသစ် စတင် ပြေးဆွဲ

ရှန်းချိုး၊ ဇွန် ၂၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် ဇွန် ၂၈ ရက်က မြန်နှုန်းမြင့် ရထားလမ်းအပိုင်းသစ် စတင်ပြေးဆွဲခဲ့သည်။ အဆိုပါရထားလမ်းအပိုင်းသည် အန်းဟွေးပြည်နယ် ဟဲဖေးမြို့နှင့် ကျဲ့ကျန်းပြည်နယ် ဟူကျိုးမြို့ကို ချိတ်ဆက်ထားခြင်းဖြစ်သည်။ ရှန်းချိုး-ဟဲဖေး-ဟန်ကျိုး မြန်နှုန်းမြင့်ရထားလမ်း၏ တောင်ဘက် အစိတ်အပိုင်းဖြစ်ပြီး တစ်နာရီလျှင် ၃၅၀ ကီလိုမီတာ မြန်နှုန်းဖြင့် မောင်းနှင်နိုင်ရန် ဒီဇိုင်းရေးဆွဲထားခြင်း ဖြစ်သည်။ ရှန်းချိုး-ဟဲဖေး-ဟန်ကျိုး မြန်နှုန်းမြင့် ရထားလမ်း၏ စုစုပေါင်းအရှည်မှာ ၇၉၄.၅၅ ကီလိုမီတာ ရှိရာ ယင်းရထားလမ်း၏ မြောက်ဘက်လမ်းပိုင်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာက စတင် အသုံးပြုခဲ့သည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.