ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်ရေ မြင့်တက်နေသည့်အတွက် ဗန်းမော်မြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင် သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ပေကျင်း၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ကျန်းကောလိ (Zhang Gaoli ) သည် ကူဝိတ်၊ ဆော်ဒီအာရေဗျ၊ ဆူဒန်နှင့် နမီးဘီးယား စသည့် နိုင်ငံများသို့ သြဂုတ်လ ၂၁ ရက်မှ ၂၉ ရက်အထိ သွားရောက်မည် ဖြစ်ကြောင်း...
ပေကျင်း ၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ) လာမည့် တရုတ်ကွန်မြူနစ်ပါတီ(CPC) ၏ ၁၉ ကြိမ်မြောက်အမျိုးသားကွန်ဂရက်သည် တရုတ်လူမျိုးတို့၏ စရိုက်လက္ခဏာများ နှင့်အတူ ဆိုရှယ်လစ်စနစ်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးကြီးသော အချိန်ကာလတစ်ခု၌ အဓိကကျသော အစည်းအဝေးတစ်ခုဖြစ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) တောင်ကျရေစီးကျမှုကြောင့် ပိတ်ဆို့နေသော ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း-မန်တပ် ရွှေလီရေအား လျှပ်စစ်စီမံကိန်းလမ်းမကြီးသည် ယခု မော်တော်ယာဉ်များပုံမှန်အတိုင်း ပြန်လည် သွားလာနိုင်ပြီဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဒစ် အဘာဘား၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) သားသမီး နှင့်မြေး ၁၀၈ဦး၏ ဖခင်ဖြစ်သူ အသက် ၁၀၇နှစ် ရှိပြီဟု ခံယူထားသော အီသီယိုးပီးယား အဖိုးအိုတစ်ဦး နှင့် အသက် ၃၃နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ လက်ထပ်ခဲ့ကြောင်း သိရသည်။